အအေးဒဏ်ကို အံ့တုနေရတဲ့ အိမ်ရာမဲ့အတွက် ရဲအရာရှိက သူ့ကိုယ်ပိုင်ပိုက်ဆံနဲ့ လိုအပ်ပစ္စည်းတဲ့ ဝယ်ပေးခဲ့

13.3.24-yyl-4.jpg

ညအချိန်တွေမှာ အလွန်ပြင်းထန်တဲ့ အအေးဒဏ်ကို အံ့တုနေရသူ အိမ်ရာမဲ့တစ်ဦးကို ရဲအရာရှိက လိုအပ်တာတွေ ဝယ်နိုင်ဖို့ ငွေကြေးလှူဒါန်းပေးခဲ့တဲ့ ဖြစ်ရပ်က လူမှုကွန်ရက်မှာ ပျံ့နှံလာခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်၊ ဂွင်းနက်ကောင်တီမှ ရဲအရာရှိ တော့ဒ်ဟယ်လာဟာ အကူအညီလိုအပ်နေတဲ့ အိမ်ရာမဲ့ အမျိုးသားကို တွေ့ခဲ့တာပါ။

အိမ်ရာမဲ့အမျိုးသားက ကတ်ပြားပေါ်မှာ ” ကောင်းချီးပေးမှုကို စောင့်မျှော်နေပါတယ်”လို့ ရေးပြီး လမ်းဘေးမှာ အကူအညီတောင်းနေတာပါ။ တော့ဒ်ဟယ်လာက သူ့အနားကို ကပ်သွားပြီး မင်းအတွက် စောင် လိုအပ်လားလို့ မေးခဲ့ပါတယ်။ ပြီးတော့ သူတို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်ကြပြီး တော့ဒ်ဟယ်လာက အိမ်ရာမဲ့ အမျိုးသားကို ရဲကားဆီ ခေါ်သွားခဲ့ပါတယ်။

အဲဒီနောက် Walmart စတိုးဆိုင်ထံ မောင်းသွားပြီး အိမ်ရာမဲ့ အမျိုးသားအတွက် အနွေးဓာတ်လွတ်ပေးတဲ့ အိပ်ရာ၊ ခြေအိတ် အစရှိတဲ့ပစ္စည်းတွေကို ဒေါ်လာ ၁၅၀ အကုန်အကျခံ ဝယ်ပေးခဲ့တာပါ။ တော့ဒ်ဟယ်လာက သူ့ရဲ့ကိုယ်ပိုင် ပိုက်ဆံထဲကနေ ဝယ်ပေးခဲ့တာပါ။ ဒီဖြစ်ရပ်ကို တော့ဒ်ဟယ်လာရဲ့ခန္ဓာကိုယ်ကင်မရာကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ မြင်ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ဂျော်ဂျီယာပြည်နယ်မှာ အပူချိန် ၁၆ ဒီဂရီဖာရင်ဟိုက်အထိ ကျဆင်းခဲ့ပြီး အအေးဒဏ် ပြင်းထန်ခဲ့တာပါ။

တာဝန်ဝတ္တရား ဆိုတာထက် ကိုယ်ချင်းစာတရား၊ အကြင်နာတရား ရှေးရှုပြီး အကူအညီလိုအပ်နေသူကို ကူညီပေးခဲ့တဲ့ ရဲအရာရှိ တော့ဒ်ဟယ်လာကို လူမှုကွန်ရက် အသုံးပြုသူတွေက ဝိုင်းဝန်းချီးကျူးခဲ့ကြပါတယ်။

Ref:Police Officer Spends $150 On Cold Weather Supplies For Homeless Man

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top