ထိုင်းနာမည်ကြီးမင်းသားသေဆုံးတဲ့အပေါ် ပရိသတ်အများအပြား ဝမ်းနည်းပူဆွေးခဲ့ရ

23.9.2024-yyl-1.jpg

ထိုင်းရုပ်သံလိုင်း Channel 7 ရဲ့မင်းသားချော Akkaphan ဟာ အသက် ၃၉ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူ သေဆုံးသွားပြီလို့ ကြေညာခဲ့တဲ့ Channel 7 ရဲ့ ဖေ့စ်ဘုတ်ခ်ပေ့ချ်မှာ ပရိသတ်တော်တော်များများက ဝမ်းနည်းပူဆွေးရကြောင်း ထုတ်ပြခဲ့ကြပါတယ်။ မင်းသားအတွက် စိတ်မကောင်းဖြစ်တဲ့ ပရိသတ်ထောင်ပေါင်းများစွာ ရှိခဲ့ပါတယ်။

Akkaphanဟာ စက်တင်ဘာလ ၂၂ ရက်နေ့မနက်ပိုင်းမှာ နှလုံးကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တာပါ။ သူက ဒီရောဂါရှိတယ်ဆိုတာ ၂၀၂၂ ခုနှစ်မှာ သိခဲ့ရပြီး၊ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ ခွဲစိတ်ကုသမှုခံယူခဲ့ပါသေးတယ်။

မင်းသား Akkaphan ဟာ Channel 7 နဲ့စာချုပ်မချုပ်ခင် Channel 3 နဲ့ သူ့ရဲ့သရုပ်ဆောင်အလုပ်ကို စတင်လုပ်ကိုင်ခဲ့တာပါ။ သူဟာ “Phra Chan Lai Phayak” ဇာတ်လမ်းတွဲနဲ့ Golden TV Award ရဲ့ အကောင်းဆုံးဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ “Hitech maid”၊ “Thaviphop” (Dual-verses)၊ “Beloved Navy” အပါအဝင် ဇာတ်လမ်းတွဲများစွာမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့ရပါတယ်။ “Thaviphop” ဇာတ်လမ်းတွဲက သူ့ကို နာမည်ကြီးလာစေခဲ့တာပါ။

Ref: Thousands of fans mourn the death of Thailand’s Channel 7 star Akkaphan

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top