မနက်ဖြန်မှာ ကျင်းပသွားမယ့် ထိုင်းဘုရင် ဘူမိဘော အဒူရာဒဂ် ရဲ့ ဈာပန

89923467_024192212-1-e1551241504424.jpg

ထိုင်းနိုင်ငံဟာ မနှစ်အောက်တိုဘာ လ ၁၃ ရက်နေ့၊ အသက် ၈၈ နှစ်မှာ နတ်ရွာစံသွားခဲ့တဲ့ ဘူမိဘောအဒူရာဒဂ်ရဲ့ ၅ ရက်ကြာ ဈာပနအတွက် လူအများအပြား စုရုံးပြင်ဆင်နေကြပါတယ်။

နတ်ရွာစံသွားခဲ့တဲ့ ဘူမိဘောအဒူရာဒဂ်ကို ဘန်ကောက်မြို့၊ ကြာသာပတေးနေ့မှာ ကောင်းကင်ဘုံပုံစံ အထိမ်းအမှတ် လုပ်ထားတဲ့ ထင်းပုံပေါ်မှာ  မီးသဂြိုဟ်သွားမှာ ဖြစ်ပါတယ်။ ဒီမီးသဂြိုဟ်ပွဲအတွက် ထိုင်းတော်ဝင်မျိုးဆက်များဟာ တစ်နှစ်ကျော်ကျော် ပြင်ဆင်ခဲ့ရပါတယ်။

ထိုင်းနိုင်ငံရဲ့ တစ်မင်းတက်တစ်မင်းဆင်း အာဏာသိမ်းမှုများနဲ့ နိုင်ငံရေး အရှုပ်ပုံတွေထဲမှာ ထိုင်းဘုရင်ဟာ တည်မြဲနေတဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် ကာလကြာရှည် လေးစားခြင်းခံခဲ့ရသူတစ်ယောက်လည်း ဖြစ်ပါတယ်။

အသေးစိတ်ပြင်ဆင်ထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ မီးသဂြိုဟ်အခမ်းအနားကိုထိုင်းနိုင်ငံ တစ်ဝှမ်းမှ လူပေါင်း ၂သိန်း ခွဲကျော်ခန့် တက်ရောက်ကြမယ်လို့ ခန့်မှန်းထားပါတယ်။ ပြည်သူအများစုဟာ ဈာပန အခမ်းအနားကို စောစီးစွာ ကြိုရောက်နေကြပြီး “ကျွန်မ ဒီအခမ်းအနားကို လွန်ခဲ့တဲ့ ၂ ရက်လောက်ထဲက နေရာကောင်းကောင်းရဖို့အတွက် ကြိုရောက်နေတာပါ ”လို့ အသက် ၇၂ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက Reuter သတင်းစာကို လွန်ခဲ့တဲ့ အင်္ဂါနေ့က ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း ထိုင်းတော်ဝင်နန်းတော်အတွင်း နတ်ရွာစံသွားခဲ့တဲ့ ထိုင်းဘုရင်ကို ရည်စူးပြီး ကောင်းမှုကုသိုလ်ပေးအမျှဝေတဲ့ အခမ်းအနားတစ်ခု ပြုလုပ်ခဲ့ပါတယ်။

မီးသဂြိုဟ်အခမ်းအနားကိုတော့ မနက်ဖြန် ကြာသာပတေးနေ့မှာ ကျင်းပသွားမှာ ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ လက်ရှိဘုရင် မာဟာ ဗာဂျီယာ လောင်ကွန် က ထင်းပုံကို မီးစညှိသွားမှာ ဖြစ်ပါတယ်။

မီးသဂြိုဟ်အခမ်းအနားအပြီးမှာတော့ နတ်ရွာစံသွားသူထိုင်းဘုရင်ရဲ့ အရိုးပြာများကို သောကြာနေ့မှာ နန်းတော်သို့ ပြန်လည်ဆောင်သူသွားမှာ ဖြစ်ပြီး ဝမ်းနည်းခြင်း အခမ်းအနား ၂ ရက် တိတိကျင်းပသွားမှာ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၄၀ ကျော်မှာ တော်ဝင် မိသားစုများနဲ့ နိုင်ငံခေါင်းဆောင်များ မီးသဂြိုဟ်အခမ်းအနားကို တက်ရောက်ကြမှာ ဖြစ်ပြီး ဈပနာပွဲကို တက်ရောက်သူတိုင်းအတွက် တင်းကြပ်တဲ့ လုံခြုံရေးများစွာ ချထားတယ် လို့သိရပါတယ်။

Ref : BBC News : King Bhumibol Adulyadej’s funeral

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top