အလုပ်ချိန်မှာ ဆေးလိပ်သောက်လို့ ဂျပန်ပြည်သူ့ဝန်ထမ်းတစ်ဦး ယန်း ၁ သန်းခွဲနီးပါး ဒဏ်ငွေချမှတ်ခံရ

28.3.2023-yyl-iamge-4.jpg

ဂျပန်နိုင်ငံ အိုဆာကာမြို့က ညွှန်ကြားရေးမှူးအဆင့်ရှိတဲ့ ပြည်သူ့ဝန်ထမ်းတစ်ဦးဟာ အလုပ်ချိန်မှာ ဆေးလိပ်သောက်ကြောင်း စစ်ဆေးတွေ့ရှိခဲ့လို့ ယန်း ၁.၄၄ သန်း ( အမေရိကန်ဒေါ်လာ ၁၁၀၀၀) ဒဏ်ငွေ ချမှတ်ခံခဲ့ရပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၁၄ နှစ်ခွဲကာလအတွင်း အလုပ်ချိန်မှာ ၄၅၁၂ ကြိမ် ဆေးလိပ်သောက်ခဲ့တာပါ။ ဒါဟာ အလုပ်ချိန် ၃၅၅ နာရီ၊ ၁၉ မိနစ်ကြာ အချောင်ခိုမှုဖြစ်ပြီး အိုဆာကာမြို့ ဥပဒေအတိုင်း လစာငွေ ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

အမည်မဖော်လိုသူတစ်ယောက်ရဲ့ တိုင်ကြားချက်အရ ညွှန်ကြားရေးမှူးအဆင့် ဝန်ထမ်းအပါအဝင် ပြည်သူ့ဝန်ထမ်း ၃ ဦးဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ အလုပ်ချိန်အတွင်း ဆေးလိပ်သောက်မှုနဲ့ စုံစမ်းစစ်ဆေးခံခဲ့ရတာပါ။

အိုဆာကာမြို့ဟာ ဆေးလိပ်သောက်မှုနဲ့ပတ်သက်ပြီး ကမ္ဘာပေါ်မှာ အတင်းကျပ်ဆုံးဥပဒေ ချမှတ်ထားရာ မြို့တစ်မြို့ပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကတည်းက ရုံးဌာန၊ ကျောင်း အစရှိတဲ့ အစိုးရပရိဝုဏ်အတွင်း ဆေးလိပ်သောက်ခွင့်မရှိလို့ တားမြစ်ခဲ့သလို အစိုးရဝန်ထမ်းတွေအနေနဲ့ အလုပ်ချိန်မှာ ဆေးလိပ်သောက်ခွင့်မရှိပါဘူး။

ညွှန်ကြားရေးမှူးအဆင့် ဝန်ထမ်းဟာ ယန်း ၁.၄၄ သန်း ဒဏ်ငွေ ချမှတ်ခံခဲ့ရသလို ၆ လကြာအထိ လစာငွေ ၁၀ ရာခိုင်နှုန်း ဖြတ်တောက်ခံရမှာလည်း ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကလည်း အလုပ်ချိန်မှာ အကြိမ်ရေ ၃၄၀၀ အထိ ဆေးလိပ်သောက်ခဲ့တဲ့ ကျောင်းဆရာတစ်ဦး ယန်း ၁ သန်း ဒဏ်ရိုက်ခံခဲ့ရဖူးပါတယ်။

Ref: Japanese Civil Servant Fined $11,000 For Smoking on the Job 4,512 Times in 14 Years

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top