ဂိုဒေါင်ရှင်းအရောင်းပွဲကနေ ဒေါ်လာ ၅၀ နဲ့ဝယ်ခဲ့တဲ့ ပန်းချီကားက လေလံပွဲမှာ ဒေါ်လာ ၂ သိန်းရဖို့ ရှိနေ

4.10.2024-yyl-4.jpg

ဂိုဒေါင်ရှင်း အရောင်းပွဲကနေ ဒေါ်လာ ၅၀ နဲ့ ဝယ်လာတဲ့ ပန်းချီကားဟာ နာမည်ကျော် ပန်းချီဆရာမ အမ်မလီကားရဲ့ လက်ရာဖြစ်နေတာကြောင့် လေလံပွဲမှာ ဒေါ်လာ ၂ သိန်းအထိ ရဖို့ ရှိနေပါတယ်။

နယူးယော့ခ်မြို့မှာ နေထိုင်တဲ့ အနုပညာပစ္စည်းစုဆောင်းသူ အလန်ထရိုင်ဘစ်ဇ်ဟာ ဟမ်ပတန်မြို့ ဂိုဒေါင်ရှင်းအရောင်းပွဲမှာ မျိုးနွယ်စုရိုးရာတိုင်ပေါ် တက်နေတဲ့ အညိုရောင်ဝက်ဝံတစ်ကောင်ပုံ ပန်းချီကားကို သဘောကျပြီး ဝယ်လာခဲ့တာပါ။ နောက်ပိုင်းမှာ ဒီပန်းချီကားအကြောင်း ရှာဖွေလေ့လာကြည့်တော့ ၁၉၁၂ ခုနှစ်မှာ ကနေဒါ ပန်းချီဆရာမ အမ်မလီကား ရေးဆွဲတဲ့ Masset Q.C.I. ပန်းချီကားဖြစ်နေမှန်း သိလိုက်ရတာပါ။

လာမယ့်လကျရင် ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှ ဟက်ဖဲလ်ပြခန်း(Heffel Gallery)မှာ အမ်မလီကားရဲ့လက်ရာ ပန်းချီကား ၄ ချပ်ကို လေလံတင် ရောင်းချမယ့်အနက် အဲဒီပန်းချီကားလည်း ပါဝင်နေပြီး ဒေါ်လာ ၂ သိန်းအထိ ရရှိမယ်လို့ ထင်ကြေးပေးခံထားရပါတယ်။

ထရိုင်ဘစ်ဇ်ကတော့ သူ့ဘဝတစ်လျှောက် ရှာဖွေဝယ်ယူခဲ့တဲ့ အရာတွေအနက် ဒီပန်းချီကားက အထူးခြားဆုံးပန်းချီကားဖြစ်တယ်လို့ ဆိုပါတယ်။

Ref: Painting bought for $50 at barn sale expected to fetch up to $200,000
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top