၂၀၂၄ ခုနှစ်အတွက် အမေရိကန်နိုင်ငံရဲ့ အဝဆုံးဝက်ဝံ

9.10.2024-yyl-1.jpg

အလက်စကာပြည်နယ်ရှိ the Katmai National Park က နှစ်စဉ်နှစ်တိုင်း အဝဆုံးဝက်ဝံကို ရွေးချယ်ဖို့အတွက် ပြိုင်ပွဲကျင်းပလေ့ရှိပါတယ်။ ၂၀၂၄ ခုနှစ်အတွက် အဝဆုံးဝက်ဝံ နောက်ဆုံးဖိုင်နယ်မှာ 128 Grazer နဲ့ 32 Chunk တို့အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြတာပါ။

အခုနှစ်အတွက် ဝက်ဝံမကြီး 128 Grazer က အဝဆုံးဝက်ဝံဆိုတဲ့ သရဖူကိုရရှိသွားခဲ့ပါတယ်။ ဒီပြိုင်ပွဲကို နှစ်စဉ်ကျင်းပလာခဲ့တာ အခုနှစ်ကတော့ ၁၀ နှစ်မြောက်နှစ်ပတ်လည်ဖြစ်ပါတယ်။

Grazer က ဝက်ဝံအထီး Chunk ရဲ့မဲအရေအတွက်ထက် နှစ်ဆပိုများခဲ့ပါတယ်။ Grazer က မဲအရေအတွက် ၇၁၂၄၈ ရရှိခဲ့ပြီး Chunk ကတော့ မဲအရေအတွက် ၃၀၄၆၈ ရရှိခဲ့တာပါ။ ဒီပြိုင်ပွဲကို ကမ္ဘာ့တစ်ဝှမ်းက လူတွေရဲ့အွန်လိုင်းမဲပေးမှုနဲ့ ရွေးချယ်ဆုံးဖြတ်တာဖြစ်ပါတယ်။

Katmai National Park & Preserve က အလက်စကာတောရိုင်းဝက်ဝံတွေအကြောင်း အများပြည်သူသိရှိစေဖို့ ရည်ရွယ်ပြီး ဒီပြိုင်ပွဲကို ကျင်းပတာဖြစ်ပါတယ်။

Ref: In a thrilling rematch, the winner of Fat Bear Week 2024 is

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top