အိပ်ယာထဲ လဲနေချိန် ၆ နှစ်ကြာ ပြုစုပေးခဲ့တဲ့ ဇနီးကို ကွာရှင်းပြီး နောက်အိမ်ထောင်ပြုခဲ့တဲ့ မလေးရှားအမျိုးသား

22.10.2024-yyl-1.png

ယာဉ်မတော်တဆမှုကြောင့် အိပ်ရာထဲ ၆ နှစ်ကြာ လဲနေခဲ့တဲ့ မလေးရှားအမျိုးသားတစ်ဦးဟာ ကျန်းမာရေးပြန်ကောင်းလာချိန်မှာတော့ သူ့ကို ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ဇနီးဟောင်းကို ကွာရှင်းပြီး နောက်အိမ်ထောင်ပြုခဲ့ပါတယ်။

နူရူဆာဆွာနီဟာ အိပ်ယာထဲ လဲနေတဲ့ခင်ပွန်းကို အစာပိုက်ကနေ အစာကျွေးတာ၊ သေးခံလဲပေးတာ၊ ရေချိုးပေးတာ အစရှိတဲ့ နေ့စဉ်ကိစ္စတွေကို လုပ်ပေးရပါတယ်။ သူက ဒီအကြောင်း လူမှုကွန်ရက်မှာ ဓာတ်ပုံတွေတင်ခဲ့ပြီး နူရူဆာဆွာနီရဲ့ ဇနီးမယားကောင်း ပီသမှုကို သဘောကျ နှစ်သက်သူတွေ များပြားခဲ့ပါတယ်။ နူရူဆာဆွာနီရဲ့ ပြုစုစောင့်ရှောက်မှုကြောင့် ခင်ပွန်းဖြစ်သူက တဖြည်းဖြည်း ကျန်းမာရေးကောင်းလာပြီး လမ်းပြန်လျှောက်နိုင်တဲ့ အခြေအနေ ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်မှာတော့ မလေးရှားနိုင်ငံမှ လူမှုကွန်ရက် အသုံးပြုသူတွေ အံ့အားသင့်ရတဲ့ သတင်းတစ်ပုဒ် ထွက်ပေါ်လာခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက နူရူဆာဆွာနီကို ကွာရှင်းပြီး နောက်အိမ်ထောင်ပြုသွားပြီဆိုတဲ့ သတင်းပါပဲ။

ဒီအတွက် လူအများ ဒေါသထွက်ခဲ့ကြပြီး နူရူဆာဆွာနီရဲ့ခင်ပွန်းကို ဝေဖန်တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ နူရူဆာဆွာနီကတော့ ခင်ပွန်းဟောင်းရဲ့ လက်ထပ်ပွဲအတွက် ဂုဏ်ပြုစကားပါးခဲ့ပြီး သူတို့စုံတွဲအပေါ် ဝေဖန်တိုက်ခိုက်မှုတွေ မလုပ်ကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

Ref: Woman Takes Care of Paralyzed Husband for Six Years, Gets Dumped After He Recovers
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top