လီယမ်ပိန်းသေဆုံးချိန်မှာ သူ့ခန္ဓာကိုယ်အတွင်း စိတ်ကြွဆေးများစွာ ရှိနေခဲ့တယ်လို့ သတင်းထွက်ရှိ

22.10.2024-yyl-4.jpg

လီယမ်ပိန်းသေဆုံးပြီးနောက် အဆိပ်ဗေဒစမ်းသပ်မှုရလဒ်တွေထွက်ရှိလာခဲ့ပါတယ်။ ဟိုတယ်အခန်းရဲ့ ၃ လွှာကနေ ပြုတ်ကျသေဆုံးခဲ့ချိန်က သူ့ရဲ့ခန္ဓာကိုယ်စနစ်မှာ ဓာတုပစ္စည်းအများအပြားရှိနေခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

အဲ့ဒီဓာတုပစ္စည်းတွေမှာ ပန်းရောင်ကိုကင်း (Methamphetamine (မီသမ်ဖက်တမင်း)၊ Ketamine (ကီတာမင်း)၊ MDMA နဲ့ အခြားအရာများစွာပါဝင်ရောနှောထားတဲ့ မူးယစ်ဆေးအပြင် စိတ်ကြွဆေး၊ benzodiazepine (စိတ်ငြိမ်ဆေး) တွေလည်း ပါဝင်ပါတယ်။ ဟိုတယ်ခန်းအတွင်း မူးယစ်ဆေးဝါးတွေ စားသုံးဖို့အတွက် အလူမီနီယံပိုက်တစ်ခုကိုလည်း တွေ့ရှိခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

လီယမ်ပိန်းရဲ့ရုပ်အလောင်းကတော့ အလောင်းခွဲစိတ်မှုပြီးမြောက်သည်အထိ အာဂျင်တီးနားနိုင်ငံမှာ ရှိနေဦးမှာဖြစ်ပါတယ်။

Ref: Liam Payne had multiple drugs in body at time of death

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top