ဟောင်ကောင် Vogue Fashion မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ပါဝင်ခဲ့တဲ့ ဂျက်လီရဲ့သမီးကြီး

24.10.2024-yyl-1.jpg

နာမည်ကြီးဟောင်ကောင်မင်းသားကြီး ဂျက်လီရဲ့သမီးကြီး ဂျိန်းလီဟာ အခုလထုတ် ဟောင်ကောင် Vogue ဖက်ရှင်မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ပါဝင်ခဲ့ပါတယ်။ မကြာသေးခင်ကမှ အသက် ၂၄ နှစ်အရွယ် ဂျိန်းလီက သူ့အင်စတာဂရမ်အကောင့်မှာ Vogue မဂ္ဂဇင်းက ဓာတ်ပုံတွေကို တင်ပေးခဲ့တာပါ။ မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကူးမှုလုပ်ရတာ အရမ်းပျော်စရာကောင်းပါတယ်လို့လည်း သူက ဆိုထားပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေကလည်း လှပကြော့ရှင်းနေတာပဲဆိုတဲ့ ကောင်းတဲ့မှတ်ချက်တွေပြုခဲ့ကြပါတယ်။ မိဘနှစ်ပါးရဲ့အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားပြီး မိခင်ထက် ဖခင်နဲ့ ပိုပြီးရုပ်တူတယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။

လက်ရှိ အမေရိကန်မှာနေထိုင်ပြီး ဟားဗက်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ဂျိန်းလီက လူချမ်းသာပါတီတွေနဲ့ ဖက်ရှင်ပွဲတွေတက်ရောက်ရင်း တက်သစ်စစတားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

Ref: Jet Li’s Daughter, 24, Looks Stunning In HK Vogue Fashion Spread

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top