တာဇံသရုပ်ဆောင် Ron Ely အသက် ၈၆ နှစ်မှာ ကွယ်လွန်

25.10.2024-yyl-2.jpg

၁၉၆၆ ခုနှစ်ကနေ ၁၉၆၈ ခုနှစ်အထိ NBC ဇာတ်လမ်းတွဲ Tarzan မှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Ron Ely ဟာ အသက် ၈၆ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူ ကွယ်လွန်သွားပြီဆိုတာကို သူ့ရဲ့သမီးဖြစ်သူ စာရေးဆရာမ Kiki Ely က သူ့ဖခင်ကို ဟီးရိုးတစ်ယောက်အဖြစ် ခေါ်ဝေါ်ဖော်ပြကာ အတည်ပြုပေးခဲ့တာပါ။ သူ့ဖခင်က အခုဆို သူ့မိခင်နဲ့အစ်ကိုဖြစ်သူတွေတို့နဲ့ ပြန်လည်ဆုံတွေ့နေပြီဆိုတာ သိနေတယ်လို့လည်း သူက ဆိုထားပါတယ်။

တာဇံဇာတ်ကောင်အဖြစ် လူသိများတဲ့ Ron က အဲ့ဒီဇာတ်ကားရိုက်ကူးရင်း ခြင်္သေ့တွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရပြီး ပခုံးကို နှစ်ကြိမ် ထိခိုက်ခဲ့ပါတယ်။ သူဟာ ၂၀၀၁ ခုနှစ်မှာ သရုပ်ဆောင်အလုပ်ကနေ အနားယူခဲ့ပြီး စာရေးဆရာဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်မှာ တီဗီဇာတ်ကား Expecting Amish အတွက် သရုပ်ဆောင်လောကထဲကို ခဏတာပြန်လာခဲ့ပါသေးတယ်။

Ref: Tarzan star Ron Ely dies aged 86

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top