သမီးလေးကို Beauty and the Beast ဇာတ်ကားထဲကပုံစံအတိုင်း ဓာတ်ပုံရိုက်ပေးခဲ့တဲ့ ဖခင်

b.jpg

Disney ကာတွန်းကားတွေနဲ့ ကြီးပြင်းလာသူတိုင်းဟာ အဲဒီဇာတ်ကားတွေထဲက ပုံစံလေးတွေအတိုင်း တစ်ခါလောက်တော့ နေကြည့်ချင်မိကြမှာပါ။

ကြင်နာတတ်တဲ့ ဖခင်တစ်ဦးဖြစ်သလို ဓာတ်ပုံဆရာတစ်ယောက်လည်းဖြစ်တဲ့ ရော့စီ (Rossi)ဟာ သူ့ရဲ့သမီးလေး နယ်လ်လီ(Nellee)ကို Beauty and the Beast ဇာတ်ကားထဲက ပုံစံလေးတွေအတိုင်း ဓာတ်ပုံရိုက်ပေးခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အမာခံပရိတ်သတ်တစ်ယောက်လည်းဖြစ်တဲ့ ရော့စီဟာ ဒီရိုက်ကွင်းအတွက် အဝတ်အစား၊ စိတ်ကူးစိတ်သန်း၊ ပြင်ဆင်မှုတွေကို သေချာကြိုတင်လုပ်ဆောင်ခဲ့ရပါတယ်။

“ဒီဇာတ်ကားလေး live action movieအနေနဲ့ထွက်တော့ နယ်လ်လီလေးက ကြည့်ပြီး အရမ်းကြိုက်ခဲ့တာ။ ဒါနဲ့ သူ့ကို ကာတွန်းကားပါ ဆက်ပြပေးလိုက်ပါတယ်။ သူ့အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ချစ်ခြင်းမေတ္တာကို ပြသချင်လို့ပါ” လို့ ရော့စီက ဆိုပါတယ်။

ဒီရိုက်ကွင်းလေးအတွက် တစ်လကျော်ကြာအောင် အချိန်ယူပြီး သူ့သမီးလေးအတွက် Belle ပုံစံအပြည့်အဝရစေနိုင်ဖို့ အားစိုက်ထုတ်ခဲ့ပါတယ်။ ရိုစီနဲ့အတူတူ ဇနီးဖြစ်သူ ရိုဇာနာ(Roxana)ဟာလည်း အတူတူပါဝင်ခဲ့ပြီး ဥရောပရဲ့ လှပတဲ့ ရှုခင်းနောက်ခံလေးတွေရဖို့ နေရာအမျိုးမျိုးကို ရှာဖွေခဲ့ရပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ ဒီဓာတ်ပုံလေးတွေဟာ အသက်ရှုမှားလောက်အောင် ချစ်ဖို့ကောင်းတာကို တွေ့ကြရမှာပါ။ နယ်လ်လီလေးအတွက် ဝတ်စုံဒီဇိုင်းတွေကိုလည်း Belleရဲ့ ဝတ်စုံတွေကို အသက်သွင်းခဲ့တဲ့ ဒီဇိုင်နာ အယ်လ်လာဒိုင်နေး(Ella Dynae) ရဲ့ အကူအညီနဲ့ ချုပ်လုပ်ဖန်တီးခဲ့ပါတယ်။

 

ရော့စီကတော့ သူ့ရဲ့ဒီပရောဂျက်လေးဟာ တစ်ကမ္ဘာလုံးက သမီးတွေကို ချစ်တတ်တဲ့အဖေတွေအားလုံးအတွက် စိတ်ခွန်အားရစေပြီး သမီးလေးတွေအတွက် မိသားစုအတွက် အချိန်ပိုပေးနိုင်ဖို့ ပျော်ရွှင်စေဖို့ နည်းလမ်းတွေ ရှာကြံတတ်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ဓာတ်ပုံတွေထဲမှာ နယ်လ်လီလေးက ဖခင်ရဲ့ချစ်ခြင်းမေတ္တာတွေကြောင့် လှပလို့နေပါတယ်။

Ref: Reader’s Digest:Photographer Dad Makes His Daughter’s Dreams Come True Epic Beauty and the Beast photoshoot

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top