မင်္ဂလာဆောင်တော့မယ့်တွဲဖက်လေယာဉ်မှူးကို ခရီးသည်တွေက လက်ထပ်ခြင်းဆိုင်ရာ အကြံဉာဏ်တွေရေးသားကာ အံ့အားသင့်စေခဲ့

29.10.2024-yyl-2.jpg

စေ့စပ်ထားပြီး မကြာခင် လက်ထပ်တော့မယ့် တွဲဖက်လေယာဉ်မှူးကို သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခရီးသည်တွေက ချိုမြိန်တဲ့အံ့အားသင့်မှုတစ်ခုလုပ်ခဲ့ကြပါတယ်။

Southwest Airlines လေယာဉ်မောင် ဂျွန်ဖန်က လေယာဉ်မှူး ကာတစ် မာဒန်ကို သူတို့လေယာဉ်ရဲ့တွဲဖက်လေယာဉ်မှူး ဝါရမ် ဝုကီက လေယာဉ်ဆင်းသက်ပြီး သိပ်မကြာခင် လက်ထပ်တော့မှာဖြစ်တယ်လို့ ပြောခဲ့တာပါ။ ဒါကြောင့် အောက်တိုဘာ ၁၂ ရက်နေ့ လေယာဉ်ခရီးစဉ်ကို သူ့အတွက် အမှတ်တရဖြစ်အောင် လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။

ဂျွန်ဖန်က ခရီးစဉ်မစတင်ခင် ခရီးသည်တွေကို ဝါရမ်အကြောင်းပြောပြကာ စာရွက်လေးတွေမှာ အိမ်ထောင်ရေးအကြံဉာဏ်တွေ ချရေးပေးဖို့ အကူအညီတောင်းခံခဲ့ပါတယ်။ အဲ့ဒီနောက် လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေဆီက ရေးသားထားတဲ့စာရွက်တွေစုဆောင်းခဲ့ပါတယ်။ သူတို့တွေက ဝါရမ်အတွက် Love is in the Air ဆိုတဲ့ ခေါင်းဆောင်းကိုလည်း ဖန်တီးခဲ့ပါသေးတယ်။

လေယာဉ်ဆိုက်ရောက်တဲ့အချိန် ဝါရမ်ကို မင်္ဂလာပွဲအတွက် ဂုဏ်ပြုကြောင်း ကြေညာခဲ့ကာ ခရီးသည်တွေက လက်ခုပ်တီးပေးခဲ့ကြပါတယ်။ ဝါရမ်လည်း အံ့အားသင့်သွားခဲ့ရပါတယ်။ ဒီအစီအစဉ်မှာ ခရီးသည် ၇၆ ဦးနီးပါး ပါဝင်ခဲ့ကြတာပါ။

ဝါရမ်ဟာ သူ့ချစ်သူကောင်မလေးနဲ့ အောက်တိုဘာ ၁၈ရက်နေ့က လက်ထပ်ခဲ့ကြပါတယ်။

Ref: Nearly 80 Airplane Passengers Surprise Co-Pilot Before His Wedding by Writing Marriage Advice on Napkins

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top