လကမ္ဘာပေါ် တည်ဆောက်ရေးလုပ်ငန်းတွေမှာသုံးဖို့ ကမ္ဘာ့ပထမဆုံး လပေါ်သုံးအုတ်ခဲကို တရုတ်သိပ္ပံပညာရှင်တွေ ဖန်တီး

29.10.2024-yyl-7.png

အနာဂတ်ကာလမှာ လကမ္ဘာပေါ် အခြေစိုက်စခန်းနဲ့ ခိုနားစရာနေရာတွေ တည်ဆောက်တဲ့အခါ အသုံးပြုနိုင်မယ့် အုတ်ခဲအမျိုးအစားသစ်တစ်မျိုးကို တရုတ်သိပ္ပံပညာရှင်တွေက တီထွင်ဖန်တီးခဲ့ကြပါတယ်။ တရုတ်နိုင်ငံဟာ လကမ္ဘာပေါ် ခြေကုပ်ယူနိုင်ဖို့ ကြီးမားတဲ့ အစီအစဉ်တွေ ချမှတ်ထားပါတယ်။

အခုနှစ်အစောပိုင်းက တရုတ်နိုင်ငံရဲ့ လပေါ်ဆင်းယာဉ်တစ်စင်းဟာ ကမ္ဘာ့ပထမဆုံးအဖြစ် လကမ္ဘာရဲ့ အမှောင်ဘက်ခြမ်းကို ဆင်းသက်နိုင်ခဲ့ပြီး မြေသားနမူနာတွေ ယူဆောင်လာနိုင်ခဲ့ပါတယ်။ ဒါဟာ လကမ္ဘာပေါ် လူသားတွေ အခြေချနိုင်မယ်ဆိုတဲ့ အတွေးကို မျှော်လင့်ချက် ပိုရှင်သန်စေပါတယ်။

လပေါ်သုံးအုတ်ခဲကို ဟွာကျုံးသိပ္ပံနဲ့နည်းပညာတက္ကသိုလ်ရဲ့ အမျိုးသား ဒီဂျစ်တယ်ဆောက်လုပ်ရေးနည်းပညာစင်တာမှ ကျွမ်းကျင်ပညာရှင်အဖွဲ့က တီထွင်ဖန်တီးခဲ့တာပါ။ ဖိအားဒဏ် ခံနိုင်အောင်၊ နေရောင်ခြည်ရဲ့ ဓာတ်သင့်မှုဒဏ် ခံနိုင်အောင် ဖန်တီးထားတာဖြစ်ပြီး လာမယ့်နှစ် နှစ်ကုန်ပိုင်းမှာ လပေါ်ပို့ဆောင်ကာ စမ်းသပ်သွားဖို့ ရှိနေပါတယ်။

လပေါ်သုံးအုတ်ခဲရဲ့ဖိအားဒဏ်ခံနိုင်ရည်ဟာ ကမ္ဘာမြေပေါ်သုံး ရိုးရိုးအုတ်ခဲ၊ ကျောက်အုတ်တွေထက် ၃ ဆကျော် ပိုမြင့်မားပြီး စတုရန်း ၁ စင်တီမီတာမှာ အလေးချိန် ၁ တန်ကျော် ခံနိုင်ရည် ရှိပါတယ်။ လကမ္ဘာဟာ လေဟာနယ်ရပ်ဝန်းဖြစ်ပြီး အာကာသဓာတ်ရောင်ခြည်သင့်မှု များပြားလွန်းတာကြောင့် လပေါ်သုံးအုတ်ခဲသုံးတွေဟာ ဓာတ်ရောင်ခြည်သင့်မှုဒဏ် ခံနိုင်ရည် ရှိ၊ မရှိဆိုတာကိုတော့ သုတေသီတွေက သိလိုစိတ် ပြင်းပြနေပါတယ်။

ကမ္ဘာ့ပထမဆုံး လပေါ်သုံးအုတ်ခဲတွေကို Tianzhou-8 ကုန်တင်အာကာသယာဉ်နဲ့အတူ တရုတ်နိုင်ငံရဲ့ အာကာသစခန်းကို ပို့ဆောင်သွားမှာဖြစ်ပါတယ်။

Ref: China Develops Lunar Bricks Designed to Be Used on the Moon
NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top