ရင်သွေးရဲ့အသားအရည်ကြောင့် ကွာရှင်းခံရဖို့ရှိနေတဲ့ တရုတ်အမျိုးသမီး

11.11.24-yyl-21.png

အသားမည်းတဲ့ ရင်သွေးမွေးဖွားလာတာကြောင့် တရုတ်အမျိုးသမီးတစ်ဦးဟာ အိမ်ထောင် ကွာရှင်းခံရမယ့် အခြေအနေ ရင်ဆိုင်နေရပါတယ်။ ရှန်ဟိုင်းမြို့မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် တရုတ်အမျိုးသမီးက ဒီအကြောင်းကို လူမှုကွန်ရက်မှာ ရေးသားထားပြီး အခြားအိမ်ထောင်ရှင်တွေဆီကလည်း အကြံတောင်းထားပါတယ်။

သူ့ခင်ပွန်းဟာ သားဖြစ်သူကို ပထမဆုံးအကြိမ် တွေ့ချိန်မှာ မျက်လုံးအပြူးသားနဲ့ အံ့အားသင့်သလို ကြည့်နေခဲ့ပြီး ပွေ့ချီဖို့လည်း ငြင်းဆန်ခဲ့ပါတယ်။ အမျိုးသမီးကတော့ အာဖရိကကို လုံးဝမရောက်ဖူးသလို လူမည်းမိတ်ဆွေ အသိအကျွမ်းလည်း မရှိဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ခင်ပွန်းသည်ကတော့ သံသယရှိနေတဲ့အတွက် ရင်သွေးကို DNA စစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။ ခင်ပွန်းသည်ရဲ့ တောင်းဆိုမှုကို လက်ခံပြီး သူ့ဘက်က မှန်ကြောင်း သက်သေပြနိုင်ရင်တောင် သူတို့ကြားမှာ ထားရှိတဲ့ ယုံကြည်မှု ပျက်ပြားနေတာကို အဖတ်ဆယ်နိုင်ဖို့ မလွယ်တော့လို့ အိမ်ထောင်ကွဲရမယ့် အခြေအနေ ရှိနေတယ်လို့ အမျိုးသမီးက ဆိုပါတယ်။

အသားဖြူတဲ့ မိဘနှစ်ပါးကနေ မွေးဖွားလာပေမဲ့ မွေးကင်းစအရွယ်မှာ ကလေးအသားမည်းနေတာဟာ ဖြစ်လေ့ဖြစ်ထမရှိတဲ့ ကိစ္စမျိုး မဟုတ်ဘူးလို့ကျန်းမာရေးပညာရှင်တစ်ဦးက ဆိုပါတယ်။ ” ကလေးငယ်တွေရဲ့ အရေပြားက ပါးသေးတယ်။ ပြီးတော့ သွေးလည်ပတ်မှုကလည်း မကောင်းသေးဘူးလေ။ အဲဒီတော့ ဒီလိုမျိုးဖြစ်တတ်တယ်။ ဒါပေမဲ့ နောက်ပိုင်းကျရင်တော့ နီညိုရောင်အသားအရည်ကနေ အဖြူရောင် ပြန်ပြောင်းသွားတတ်ပါတယ်”လို့ သူက ဆိုပါတယ်။

Ref: Chinese Woman Faces Divorce After Giving Birth to Dark-Skinned Baby
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top