သေဆုံးပြီး ၁ လအကြာမှ ပြုလုပ်တဲ့ လီယမ်ပိန်းရဲ့နာရေး

21.11.2024-yyl-4.jpg

One Direction အဖွဲ့ဝင်ဟောင်း လီယမ်ပိန်းရဲ့နာရေးကို သူ သေဆုံးပြီး ၁ လကျော်အကြာ နိုဝင်ဘာ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ နာရေးကို သူ့ရဲ့အဖွဲ့သားဟောင်းတွေဖြစ်တဲ့ ဟယ်ရီစတိုင်၊ ဇိန်း မာလိခ်၊ နီရဲလ်ဟိုရန်၊ လူးဝစ် တွန်လင်ဆန်တို့တက်ရောက်ခဲ့ကြပါတယ်။

နာရေးကို မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့သာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လီယမ်ပိန်းရဲ့ပါတနာဟောင်း ပေါ့ပ်စတား ချယ်ရီတွီဒီကိုလည်း နာရေးမှာ မြင်တွေ့ခဲ့ရပါတယ်။

လီယမ်ပိန်းရဲ့အခေါင်းကို မြင်းဖြူနှစ်ကောင်နဲ့ ဆွဲထားတဲ့ အဖြူရောင်လှည်းနဲ့ ဘုရားကျောင်းဆီသယ်ဆောင်လာခဲ့တာပါ။ နာရေးကို တက်ရောက်လာတဲ့သူတွေထဲမှာ လီယမ်ပိန်းရဲ့ချစ်သူ ကိတ် ကာစီဒီ၊ သရုပ်ဆောင်နဲ့တီဗီအစီအစဉ်တင်ဆက်သူ ဂျိမ်းစ်ကောဒန်၊ ဂီတပညာရှင် ဆိုင်မွန်ကိုဝဲလ်တို့လည်းပါဝင်ပါတယ်။

လီယမ်ပိန်းက အောင်မြင်ကျော်ကြားလာမှုနဲ့အတူ ဖိအားတွေရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်းမှာ သူ့ရဲ့ပြဿနာတွေကို ထုတ်ပြောပြခဲ့တာပါ။ သူဟာ ၂၀၁၆ ခုနှစ်မှာ One Direction အဖွဲ့ကွဲပြီးနောက် တစ်ကိုယ်တော်အဖြစ် ဆက်လက်လှုပ်ရှားခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ပွဲဦးထွက်အယ်လ်ဘမ်ထွက်ရှိခဲ့ပါတယ်။

လီယမ်ပိန်းနဲ့ ဆက်စပ်သတင်းများဖတ်ရှုရန် – ဟိုတယ်ရဲ့ ၃လွှာကနေ ပြုတ်ကျပြီး သေဆုံးခဲ့တဲ့ One Direction အဖွဲ့ဝင်ဟောင်း လီယမ်ပိန်း
https://yoyarlay.com/liam-payne-former-one-direction…/

လီယမ်ပိန်းသေဆုံးချိန်မှာ သူ့ခန္ဓာကိုယ်အတွင်း စိတ်ကြွဆေးများစွာ ရှိနေခဲ့တယ်လို့ သတင်းထွက်ရှိ
https://yoyarlay.com/liam-payne-had-multiple-drugs-in…/

One Direction အဖွဲ့ဝင်ဟောင်း အဆိုတော် လီယမ်ပိန်း သေဆုံးမှုနဲ့ဆက်စပ်ပြီး လူ ၃ ဦး တရားစွဲဆိုခံရ
https://yoyarlay.com/three-charged-in-one-direction…/

Ref: One Direction stars join mourners at Liam Payne’s funeral

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top