အသက် ၉၀ ကျမှ မြစ်တွေနဲ့အတူ မူလတန်းကျောင်း ပြန်တက်ခဲ့တဲ့ အဘွားအို ကွယ်လွန်

18-11-2022yyl14.jpg

အသက် ၉၀ အရွယ်ကျမှ မြစ်တွေနဲ့အတူ မူလတန်းကျောင်း ပြန်တက်ခဲ့လို့ ကမ္ဘာ့အသက်အကြီးဆုံး ကျောင်းသူအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ကင်ညာနိုင်ငံသူ ပရစ်စီလာဟာ အသက် ၁၀၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ ပြင်သစ်ရုပ်ရှင်ဇာတ်ကား Gogo Priscilla ဟာ ပရစ်စီလာရဲ့ ဘဝအကြောင်း ရိုက်ကူးထားတာဖြစ်ပြီး ဒီဇာတ်ကား ထွက်ရှိခဲ့ပြီးနောက် ပရစ်စီလာက ပြင်သစ်သမ္မတကတော်နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။

ဝမ်းဆွဲသည်အဖြစ် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့တဲ့ ပရစ်စီလာဟာ အသက် ၉၀ ကျမှ မူလတန်းကျောင်း ပြန်တက်ခဲ့တာပါ။ ၂၀၀၃ ခုနှစ်မှာ ကင်ညာအစိုးရက မူလတန်းကျောင်း ဝင်ကြေးတွေကို လျှော့ချပေးခဲ့ပြီးနောက် ပရစ်စီလာနဲ့ တခြားသက်ကြီးရွယ်အိုတွေ ကျောင်းပြန်တက်ခဲ့ကြတာပါ။

ပရစ်စီလာဟာ အသက်ကြီးနေတဲ့ ကလေးတွေ ကျောင်းပြန်တက်လာအောင် အားပေးတဲ့အနေနဲ့ အသက် ၉၀ ကျမှ ကျောင်းပြန်တက်ခဲ့သူပါ။ ” အသက်နည်းနည်းကြီးတဲ့ ကလေးတွေက ကျောင်းပြန်မတက်ချင်ကြဘူး။ အသက်အရမ်းကြီးနေလို့ ကျောင်းမတက်ချင်ကြဘူးလို့ ပြောတယ်။ဒီတော့ ကျွန်မက အဘွားတောင် ကျောင်းတက်နေသေးတယ်။ မင်းတို့က ဘာလို့ မတက်ရတာလဲလို့ ပြန်မေးလိုက်တာပေါ့” လို့ ပရစ်စီလာက ပြောခဲ့ဖူးပါတယ်။

Ref:’Gogo’ Priscilla – world’s ‘oldest pupil’ dies at 100

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top