ကိုရိုနာဗိုင်းရပ်စ်အတွက် ဟိုက်ဒရိုစီကလိုရိုကွင်းဆေး သုံးလို့ ရ၊ မရ စမ်းသပ်နေတာကို WHO ရပ်ဆိုင်း

26-5-2020-yyl-009.jpg

ငှက်ဖျားရောဂါ ကုသဖို့ အသုံးပြုတဲ့ ဟိုက်ဒရိုစီကလိုရိုကွင်း(hydroxychloroquine) ဆေးက ဘေးအန္တရာယ်စိုးရိမ်ရတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ် ကုသနိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်နေမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က ရပ်ဆိုင်းလိုက်ပါပြီ။ နိုင်ငံတော်တော်များများမှာ စမ်းသပ်နေတာကို ကြိုတင်ကာကွယ်မှုအနေနဲ့ ယာယီဆိုင်းငံ့လိုက်တယ်လို့ WHO က ပြောပါတယ်။

မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ဆေးပညာလေ့လာမှုမှာ ဟိုက်ဒရိုစီကလိုရိုကွင်းဆေးက COVID-19 လူနာတွေအတွက် ကျန်းမာရေးအကျိုးကျေးဇူးမရှိတဲ့အပြင် သေဆုံးနိုင်ခြေ မြင့်တက်စေတယ်လို့ တွေ့ရှိပြီးနောက်မှာ WHO က အခုလိုဆိုင်းငံ့လိုက်တာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်ဖို့ ဟိုက်ဒရိုစီကလိုရိုကွင်းဆေး သောက်နေတယ်လို့ ပြောခဲ့ဖူးပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top