ပုံမှာ မြင်ရတဲ့နေအိမ်တွေကတော့ ဘိုလစ်ဗီးယားနိုင်ငံ အယ်အာတိုမြို့စွန် ချောက်ကမ်းပါးအစွန်းမှာ တည်ရှိပါတယ်။ မြေပြိုကျနိုင်ခြေ အလွန်များတာကြောင့် ”အဆုံးစီရင်နေသောအိမ်များ”လို့ လူသိများပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဘိုလစ်ဗီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ အယ်အာတိုမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြေပြိုကျနိုင်ခြေ မြင့်မားလို့ ချောက်ကမ်းပါးအစွန်မှာရှိတဲ့ အိမ်တွေ ပြိုကျသွားမလားဆိုပြီး စိုးရိမ်ပူပန်ခဲ့ကြပေမဲ့ အဲဒီအိမ်တွေမှာ နေထိုင်သူတွေကတော့ ဗိုလ်နေမြဲ ကျားနေမြဲအတိုင်း နေခဲ့ကြပါတယ်။ အဲဒီအိမ်တွေမှာ နေထိုင်ကြသူတွေဟာ ဒေသအခေါ် နတ်ဆရာတွေဖြစ်ပါတယ်။
အာဏာပိုင်တွေက သူတို့ကို ဒီနေရာကနေ ရွှေ့ပြောင်းပေးဖို့ တိုက်တွန်းထားပေမဲ့ နတ်ဆရာတွေကတော့ ဖယ်မပေးနိုင်ဘူးလို့ ငြင်းဆန်ထားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေရာမှာ နေထိုင်တာဟာ အင်ဒီးစ်တောင်တန်းမှ တိုင်းရင်းသားမျိုးနွယ်တွေ ကိုးကွယ်တဲ့ ပါချာမာမာနတ်ဘုရားမကို ကိုးကွယ်ဆည်းကပ်မှုအဖြစ် နတ်ဆရာတွေက ယူဆထားကြတာကြောင့်ပါပဲ။
ဘိုလစ်ဗီးယားနိုင်ငံ အာဏာပိုင်တွေကတော့ ဒီနေရာကနေ ရွှေ့ပြောင်းပေးဖို့ မေတ္တာရပ်ခံထားတာကို မလိုက်နာဘူးဆိုရင် အင်အားသုံး ဖယ်ရှားတာမျိုးလုပ်ရလိမ့်မယ်လို့ သတိပေးထားပါတယ်။
Ref: Living on the Edge in Bolivia’s ‘Suicide Homes’
NZ ( ရိုးရာလေး)