၇ နှစ်သားအရွယ်တုန်းက သူ့ရဲ့မွေးရပ်မြေ ချန်နိုင်းမြို့မှာ နော်ဝေနိုင်ငံသား မဂ္ဂနက်ကာဆန်က အိန္ဒိယနိုင်ငံသား ဗီဆွာနာသန်အာနန်ရဲ့ ကမ္ဘာ့စစ်တုရင် ချန်ပီယံဘွဲ့ကို လွှဲပြောင်းရယူသွားခဲ့တယ်။ အဲဒီအချိန်ကစပြီး ဒွန်မာရာဂျူက အိန္ဒိယနိုင်ငံအတွက် ကမ္ဘာ့စစ်တုရင် ချန်ပီယံဘွဲ့ ပြန်ယူပေးမယ်လို့ သံန္နိဌာန်ချခဲ့တာပါ။
စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ FIDE World Championships ကမ္ဘာ့စစ်တုရင်ပြိုင်ပွဲမှာတော့ ဒွန်မာရာဂျူးက ကမ္ဘာ့စစ်တုရင်သမိုင်းမှာ အသက်အငယ်ဆုံး ချန်ပီယံအဖြစ် မော်ကွန်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။ ချန်ပီယံဖြစ်ချိန်မှာ သူက အသက် ၁၈ နှစ်အရွယ်ပဲ ရှိသေးပြီး ဂန္ထဝင်စစ်တုရင်သမား ကက်စပါရော့ဗ်ရဲ့ စံချိန်ကို ၄ နှစ်အသာနဲ့ ချိုးဖျက်နိုင်ခဲ့တာပါ။
” ဒီလိုမျိုး စံချိန်တင် အောင်ပွဲရမယ်လို့ မျှော်လင့်မထားဘူး။ အရမ်းစိတ်လှုပ်ရှားမိတယ်။ ဒီညတော့ အိပ်ပျော်မယ်တောင် မထင်တော့ဘူး”လို့ ဒွန်မာရာဂျူးက ဆိုပါတယ်။ ဒွန်မာရာဂျူးရဲ့အောင်မြင်မှုဟာ စစ်တုရင်သမိုင်းမှာ မော်ကွန်းရေးထိုးနိုင်သာမကဘဲ ကြီးမားတဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ လူငယ်သန်းပေါင်းများစွာရဲ့ အားကျအတုယူစရာ ဖြစ်စေလိမ့်မယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ရုံးက ထုတ်ပြန်ခဲ့ပါတယ်။
၁၃၈ နှစ်အတွင်း အာရှသားပြိုင်ဘက်နှစ်ဦး ကမ္ဘာ့ချန်ပီယံလုကြတဲ့ပွဲမှာ ဒွန်မာရာဂျူးက ရွှေ့ကွက် ၅၈ ကွက်နဲ့အတူ ရမှတ် ၇.၅ မှတ်ရရှိခဲ့ပြီး တရုတ်နိုင်ငံသား ကမ္ဘာ့ချန်ပီယံ တင်းလီရှန်ကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
Ref: 18-year-old Is Youngest World Chess Champion–Besting Garry Kasparov Who Did it in 1985 at Age 22
NZ ( ရိုးရာလေး)