လော့စ်အိန်ဂျလိစ်တောမီးလောင်မှုကြောင့် နှစ် ၆၀ ကြာ နေထိုင်ခဲ့တဲ့ နေအိမ်ကို ဆုံးရှုံးခဲ့ရတဲ့ အသက် ၉၁ နှစ် အဘိုးအို

10.1.2025-yyl-3.jpg

ဇန်နဝါရီ ၇ ရက်နေ့က လော့စ်အိန်ဂျလိစ်မှာ တောမီးလောင်မှုအတွင်း အသက် ၉၁ နှစ်အရွယ် အဘိုးအို ဒေးလ် ရှော့တ် နှစ်ရှည်လများစွာနေထိုင်ခဲ့တဲ့ နေအိမ်လည်း မီးလောင်သွားခဲ့ပါတယ်။ သူ့နေအိမ်က ကယ်လီဖိုးနီးယားပြည်နယ်၊ Pasadena မြို့မှာ တည်ရှိပြီး သူ နေထိုင်ခဲ့တာ နှစ် ၆၀ ရှိပါပြီ။ အဲ့ဒီနေအိမ်ကို ဆုံးရှုံးလိုက်ရတာက သူ့နဲ့သူ့မိသားစုအပေါ် များစွာသက်ရောက်မှုဖြစ်စေခဲ့ပါတယ်။ သူဟာ အဲ့ဒီနေအိမ်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ဝမ်းနည်းကြေကွဲနေရရှာပါတယ်။

တောမီးလောင်မှုအတွင်း ဆုံးရှုံးလိုက်ရတဲ့ နေအိမ်မှာ သူ့ရဲ့အမှတ်တရများစွာရှိနေခဲ့ပြီး အဲ့ဒါဟာ သူ့ဘဝတစ်ခုလုံးဖြစ်တယ်လို့ သူက ဆိုပါတယ်။ “လွန်ခဲ့တဲ့ ၅ မိနစ်လောက်က ကားထဲမှာ ထိုင်နေရင်း ကျွန်တော့်မျက်နှာပေါ် မျက်ရည်တွေစီးကျလာခဲ့တယ်။ ကျွန်တော့်ရဲ့သမိုင်းကြောင်းတစ်ခုလုံးက အဲ့အိမ်ထဲမှာပါ။ ကျွန်တော့် ပြိုလဲကျတော့မယ်။ အဲ့ဒီလို ကျွန်တော် ခံစားနေရတယ်။ ဒါဟာ ကျွန်တော့်ဘဝတစ်ခုလုံးပါပဲ”လို့ မျက်ရည်ကျရင်း သူက ပြောပါတယ်။

တောမီးလောင်ထဲနေ့က ထွက်ပြေးတိမ်းရှောင်ရတဲ့ ထောင်ပေါင်းများစွာသောလူတွေထဲမှာ သူလည်း ပါဝင်ခဲ့ပြီး အဲ့ဒီနေ့မှာပဲ သူ့အိမ်ကို ဆုံးရှုံးလိုက်ရတာပါ။ ဇန်နဝါရီ ၁၀ ရက်နေ့မှ နေအိမ်မီးလောင်တဲ့နေရာကို လာကြည့်ဖြစ်ခဲ့တာပါ။

သူ့ရဲ့နှစ်၆၀ အမှတ်တရတွေကလည်း အဲ့ဒီအိမ်ထဲမှာရှိနေခဲ့တာဖြစ်ပေမဲ့ သူ အဆင်ပြေသွားမှာပါ။ သူ့အသက် ၉၁ နှစ်ရှိပြီဖြစ်ပေမဲ့ အစက ပြန်စမှာပါလို့လည်း သူက CBS သတင်းဌာနကို ပြောကြားသွားခဲ့ပါတယ်။

အခုအချိန်အထိ တောမီးလောင်မှုကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၁၀၀၀၀၀ ကျော် နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

Ref: 91-Year-Old Man Bravely Reacts to Losing Los Angeles Home of 60 Years in Fires: ‘I’ll Start Over Again’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top