လော့စ်အိန်ဂျလိစ်စီရင်စုမှာ အပြင်းအထန် လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် သေဆုံးသူ ၁၀ ဦးအထိ ရှိလာခဲ့ပါပြီ။
တောမီးလောင်ကျွမ်းမှုတွေထဲမှာ တောမီး ၃ ခုကတော့ ထိန်းမရတဲ့ အခြေအနေ ဖြစ်နေပြီး ဟောလိဝုဒ်တောင်ကုန်း၊ ပစိဖိတ်ပါလီဆိတ်အရပ်၊ပါဆာဒီနာမြို့တွေကတော့ ပျက်စီးဆုံးရှုံးမှု တော်တော်များပါတယ်။
ပဲရစ်ဟီလ်တန် အပါအဝင် ဟောလိဝုဒ် ကြယ်ပွင့်တွေ၊ ထင်ပေါ်ကျော်ကြားသူတွေရဲ့ နေအိမ်တွေလည်း တောမီးထဲမှာ လောင်ကျွမ်းပျက်စီးခဲ့ပါတယ်။ နာမည်ကျော်ကြယ်ပွင့်တွေ နေထိုင်တဲ့ ပစိဖိတ်ပါလီဆိတ်အရပ်မှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ ဧက ၁၂၀၀၀ နီးပါး ဝါးမြိုခဲ့ပြီး အဲဒီအရပ်မှ အလယ်အလတ်အဆင့် အိမ်တစ်လုံးဟာ တန်ကြေး အမေရိကန်ဒေါ်လာ ၄.၅ သန်း ရှိပါတယ်။
တောမီးလောင်ကျွမ်းမှုတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်ထွက်ပြေးရသူ ၁၈၀၀၀၀ ကျော်ရှိပြီး နောက်ထပ် လူ ၂ သိန်းဟာလည်း တောမီးအန္တရာယ် သတိပေးခြင်း ခံထားရပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် တောမီးကူးစက်မှု လျင်မြန်ပြီး နောက်ထပ်တောမီးလောင်ကျွမ်းမှုသစ်တွေ ဖြစ်လာနိုင်တာကြောင့် အမေရိကန်မိုးလေဝသဌာနက သောကြာနေ့ နံနက်ပိုင်းအထိ အနီရောင်သတိပေးချက် ထုတ်ပြန်ထားပါတယ်။
Ref: Ten dead as Los Angeles extends red weather warning into Friday
NZ (ရိုးရာလေး)