Tinder အကောင့် QR Code ပါတဲ့ တီရှပ်ဝတ်ပြီး အက်ဒ်ရှီရန်ရဲ့ဖျော်ဖြေပွဲကို သွားခဲ့တဲ့ အမျိုးသား

20.3.24-yyl-2.jpg

မကြာသေးခင်က အမျိုးသားတစ်ဦးဟာ ရည်းစားရှာဖွေတဲ့ သူ့ရဲ့Tinder အကောင့်ကို အကျိုးရှိရှိအသုံးချခဲ့ပါတယ်။ သူ့ရဲ့Tinder အကောင့် QR Code ပါတဲ့ တီရှပ်ကို ဝတ်ပြီး အက်ဒ်ရှီရန်ရဲ့ဖျော်ဖြေပွဲကို သွားရောက်ခဲ့တာပါ။ အဲဒီအမျိုးသားက အသက် ၂၂ နှစ်အရွယ် ဟာဒစ်ခ်ဆိုသူပါ။ တီရှပ်မှာ QR Code အပြင် “ဆင်ဂယ်တွေအတွက်သာ” ဆိုတဲ့စာသားလည်းပါပါတယ်။ သူ့တီရှပ်က QR Code ကို ဖုန်းနဲ့ Scan ဖတ်လိုက်တာနဲ့ သူ့ရဲ့Tinder အကောင့်ကို တွေ့ရမှာဖြစ်ပါတယ်။

အဲ့ဒီအမျိုးသားရဲ့ QR Code ပါတဲ့တီရှပ်ပုံတွေအပြင် သူ့ရဲ့Tinder အကောင့်ပုံကိုပါ X (Twitter) အကောင့်အသုံးပြုသူ ကူခရီဂျာက မျှဝေခဲ့တာပါ။ “ပြီးခဲ့တဲ့ညက မွမ်ဘိုင်းက ဖျော်ဖြေပွဲမှာ ဒီအမျိုးသားကို တွေ့ခဲ့တယ်။ QR Code ကို ဖတ်လိုက်တာနဲ့ သူ့ရဲ့Tinder အကောင့်ပေါ်လာတယ်”လို့လည်း ရေးသားထားပါတယ်။

နောက်ထပ်အင်စတာဂရမ်ပို့စ်တစ်ခုကလည်း ဟာဒစ်ခ်က ဖျော်ဖြေပွဲအတွင်း QR Code တီရှပ်ကို ဝတ်ဆင်ရင်း Tinder မှာ တွဲဖက်ကို တွေ့ဖို့ရည်ရွယ်ချက်နဲ့လှည့်လည်သွားလာနေတယ်လို့ ဆိုထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက သူ့ရဲ့စိတ်ကူးကို သဘောကျနှစ်သက်ခဲ့ကြပြီး သူ့ရဲ့ QR Code တီရှပ်ပုံတွေက လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ကာ ဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး လူပြောအများဆုံးအခိုက်အတန့်တွေထဲက တစ်ခုလည်းဖြစ်ခဲ့ပါတယ်။

Ref: ”For Single People Only”: Man’s QR Code T-Shirt At Ed Sheeran’s Concert Goes Viral

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top