မိခင်ဝမ်းဗိုက်မှ ထုတ်၊ ခွဲစိတ်မှုလုပ်ပြီးမှ မိခင်ဝမ်းဗိုက်ထဲ ပြန်ထည့်ပေးခဲ့တဲ့ ကလေးငယ် ကျန်းကျန်းမာမာ ကြီးထွားလာ

10.2.2025-yyl-5.jpg

သန္ဓေသားဘဝမှာ မိခင်ဝမ်းဗိုက်ထဲမှ ထုတ်၊ ခွဲစိတ်ကုသမှု လုပ်ပြီးမှ မိခင်ဝမ်းဗိုက်ထဲ ပြန်ထည့်ပေးခဲ့ရတဲ့ ကလေးငယ်ဟာ ကျန်းကျန်းမာမာနဲ့ ကြီးထွားလာခဲ့ပါပြီ။ အသက် ၂၄ နှစ်အရွယ် ဗြိတိန်နိုင်ငံသူ ဆရီနာနေးဟာ ပြီးခဲ့တဲ့နှစ်က ကိုယ်ဝန်ဆောင်ချိန် သီတင်းပတ် ၂၀ အရောက် Scan ဖတ် စစ်ဆေးကြည့်ချိန် သူ့ရဲ့သားငယ်မှာ spina bifida ( ကျောရိုးအာရုံကြောမကြီး နှစ်ခြမ်းကွဲတဲ့) အခြေအနေ ရှိနေမှန်း သိလိုက်ရပါတယ်။

ကျောရိုးအခြေမှာ ပြည်အိတ် တည်နေတာကြောင့် မသန်စွမ်းအခြေအနေနဲ့ မွေးဖွားလာနိုင်တယ်လို့ ဆရာဝန်တွေက သုံးသပ်ခဲ့ကြပြီး ကိုယ်ဝန်ဖျက်ချမလား၊ သန္ဓေသားဘဝမှာပဲ ခွဲစိတ်ကုသမှုလုပ်ပြီး မွေးမလားဆိုတဲ့ နည်းလမ်း(၂)မျိုးကို ပြောပြခဲ့ပါတယ်။

ဆရီနာနေးတို့ စုံတွဲက သန္ဓေသားဘဝမှာ ခွဲစိတ်မှုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး ကိုယ်ဝန်ဆောင်ချိန် သီတင်းပတ် ၂၆ ပတ်အရောက်မှာတော့ ဆရီနာနေးရဲ့ သားအိမ်ကို ခွဲထုတ်ပြီး သန္ဓေသားကို ခွဲစိတ်မှုလုပ်ခဲ့ကြပါတယ်။ နောက် ၃ နာရီအကြာမှာတော့ သားအိမ်ကို ဆရီနာနေးရဲ့ဗိုက်ထဲ ပြန်ချုပ်ထည့်ခဲ့ကြတာပါ။

ကိုယ်ဝန်ဆောင်ချိန် သီတင်းပတ် ၃၁ ပတ်အကြာမှာတော့ ကလေးငယ် တွမ်မီဘရောင်းကို မွေးဖွားခဲ့ပြီး ကလေးငယ်ဟာ ပုံမှန်အတိုင်း နို့စို့နိုင်၊ ခြေထောက်တွေ ကန်ကျောက်လှုပ်ရှားနိုင်စွမ်းရှိတာ တွေ့ရပါတယ်။

ဆရီနာနေးဟာ ဆေးရုံမှာ ၄ ပတ်ကြာ နေခဲ့ပြီးနောက် ပြန်ဆင်းနိုင်ခဲ့ပါတယ်။ ကလေးငယ် တွမ်မီဘရောင်းဟာ ကျောမှာ ခွဲစိတ်ထားတဲ့ အမာရွတ်ငယ်ကလွဲပြီး သာမန်ကလေးငယ်တွေအတိုင်း လှုပ်ရှားနေနိုင်ပါပြီ။ အခုဆိုရင် ၃ လသားအရွယ် ရောက်နေပြီး ကျန်းကျန်းမာမာ ရှိနေပါတယ်။

Ref: Baby Thriving After Doctors Removed Womb for Spinal Surgery–Then Put it Back Inside Mom at 26 Weeks
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top