လွန်ခဲ့တဲ့ ၂၉ နှစ်က ဓာတ်ပုံထဲကအတိုင်း ပြန်လည်ဖန်တီးခဲ့တဲ့ လေယာဉ်မှူးသားအဖနှစ်ဦး

6.10.23-yyl-1.jpg

ရူဘမ် ဖလာဝါက အမြဲတမ်း လေယာဉ်မှူးတစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ သူ ဖြစ်ချင်သလို လေယာဉ်မှူးဖြစ်လာခဲ့သလို နှစ် ၃၀ နှစ်ပါး Southwest Airlines မှာ အလုပ်လုပ်ခဲ့တဲ့ သူ့ဖခင်ရဲ့ဘေးက တွဲဖက်လေယာဉ်မှူးထိုင်ခုံမှာ ထိုင်ချင်တဲ့ သူ့တကယ့်ဆန္ဒလည်းဖြစ်မြောက်ခဲ့တာပါ။

လေယာဉ်မှူးအဖြစ် ဒုတိယမြောက်တရားဝင်လေကြောင်းပျံသန်းမှုမှာ သူ့ရဲ့ဖခင်နဲ့အတူ တွဲဖက်လေယာဉ်မှူးဖြစ်ခွင့်ရခဲ့တာပါ။ အိုမဟာမှ ချီကာဂိုသို့ ခရီးစဉ်မတိုင်ခင် သူတို့သားအဖက မနက်စာကို အတူတူလည်းစားသုံးခွင့်ခဲ့ရပါတယ်။ “တွဲဖက်လေယာဉ်မှူးဆိုတဲ့ အဲဒီထိုင်ခုံမှာ ထိုင်ချင်ခဲ့တာပါ”လို့ အသက် ၃၀ အရွယ် ရူဘမ်က ပြောပါတယ်။

၁၉၉၀ ပြည့်နှစ်လောက် ရူဘမ် လမ်းလျှောက်တတ်စကလေးဘဝတုန်းက သူ့အဖေရဲ့ဘေး တွဲဖက်လေယာဉ်မှူးရဲ့ထိုင်ခုံနေရာမှာ ထိုင်ပြီး လေယာဉ်စီးခဲ့ဖူးပါတယ်။ ရူဘမ်ဟာ အဲဒီတုန်းက ဓာတ်ပုံထဲကအတိုင်း ထူးခြားတဲ့အခိုက်အတန့်ကို ပြန်လည်ဖန်တီးဖို့လုပ်ခဲ့ပါတယ်။ သူ့အဖေ အငြိမ်းစားမယူခင် အခုလိုလုပ်ဖို့ သူ စီစဉ်ခဲ့တာပါ။

ရူဘမ် အသက် ၁၇ နှစ်အရွယ်ရောက်တော့ သူ့အဖေ အလုပ်သွားရတာကို ပျော်နေတာကို မြင်ပြီးနောက် သူ့အဖေရဲ့ခြေရာအတိုင်းလိုက်ဖို့ ရွေးချယ်ခဲ့တာပါ။ ရူဘမ်တို့မိသားစုက လေကြောင်းအလုပ်နဲ့ပတ်သက်ပြီး မျိုးရိုးရှိတယ်လို့ ပြောလို့ရပါတယ်။ ရူဘမ်ရဲ့အစ်ကိုကလည်း Southwest လေကြောင်းကပ္ပတိန်လည်းဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့မိသားစုက လေယာဉ်မောင်းနှင်တာဟာ ရေပန်းစားတဲ့အသက်မွေးဝမ်းကြောင်းရွေးချယ်မှုတစ်ခုပါပဲ။

Ref: Greatest Photo! Pilot Dad And Son Duo Recreates 29-year-old Picture

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top