သိပ္ပံဇာတ်ကားတွေထဲမှာ မြင်တွေ့ရသလို စက်ရုပ်ရဲကို တရုတ်ကုမ္ပဏီ Logon Technology က တီထွင်ခဲ့ပါတယ်။ ကုန်းပေါ်မှာရော၊ ရေထဲမှာပါ တစ်နာရီ ၂၂ မိုင်နှုန်း သွားလာနိုင်တဲ့ စက်လုံးပုံသဏ္ဍာန် စက်ရုပ်ရဲဟာ အားသက်ရောက်မှု ၈၈၁၈ ပေါင် ( ၄ တန်)အထိ ခံနိုင်ရည် ရှိပါတယ်။

RT-G လို့ အမည်ပေးထားတဲ့ စက်ရုပ်ရဲဟာ AI နည်းပညာကို အသုံးပြုထားတာကြောင့် ရာဇဝတ်သားကို ခွဲခြားနိုင်စွမ်းရှိပြီး ပိုက်ကွန်အုပ်ကာ ဖမ်းဆီးပေးနိုင်တယ်လို့ သရုပ်ပြဗီဒီယိုတွေမှာ တွေ့ရပါတယ်။
Logon Technology က RT-G စက်ရုပ်ရဲကို မိတ်ဆက်ပြသပြီးနောက် ၂ လအတွင်းမှာပဲ တရုတ်နိုင်ငံရဲ့ လမ်းတွေမှာ ကင်းလှည့်နေတဲ့ RT-G စက်ရုပ်ရဲရဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။
Ref: Rolling justice: China’s sci-fi spherical robot cop can capture criminals in style
NZ ( ရိုးရာလေး)