စင်ကာပူမှာ ဘီလ် ဂိတ်ရဲ့ ဖောင်ဒေးရှင်း Gates Foundation ရုံးဖွင့်မယ်

IMG_20250506_134537_528.jpg

ဘီလျံနာ ဘီလ် ဂိတ် ဦးဆောင်တဲ့ အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Gate Foundationရဲ့ ရုံးခန်း စင်ကာပူမှာ ဖွင့်မယ်ဆိုတဲ့ အစီအစဉ်ကို Gate Foundation က ကြေညာခဲ့ပါတယ်။ စင်ကာပူမှာ ဒီအဖွဲ့အစည်းရဲ့ရုံးခန်းတည်ရှိတာကို Singapore Economic Development Board (EDB) က ထောက်ခံပံ့ပိုးခဲ့တာပါ။

“အရှေ့တောင်အာရှတစ်ဝှမ်းနဲ့ အခြားနိုင်ငံတွေမှာ သက်ရောက်မှုဖြစ်စေတဲ့ ဖြေရှင်းနည်းတွေကို အတိုင်းအတာတစ်ခုအထိ တိုးချဲ့နိုင်ဖို့အတွက် Gates Foundation နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်”လို့ EDB ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဂျာမိုင်နင်း လွိုင်က ပြောပါတယ်။

Philanthropy Asia Summit မှာ ဖောင်ဒေးရှင်းရဲ့ရုံးခန်းကို စင်ကာပူမှာ ဖွင့်လှစ်မယ်လို့ ဘီလ်ဂိတ်က ပြောကြားခဲ့ကြောင်း The Edge Singapore အရ သိရပါတယ်။

စင်ကာပူမှာ ဖောင်ဒေးရှင်းရဲ့ရုံးတည်ရှိမှုက ပြည်သူတွေပိုမိုကျန်းမာပြီး အကျိုးဖြစ်ထွန်းတဲ့ ဘဝနေထိုင်မှုကို ကူညီပေးဖို့နဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်တွေဆီ တိုးတက်မှုအရှိန်မြှင့်ဖို့ နိုင်ငံတွေ၊ ပါတနာတွေနဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ ကတိကဝတ်ကို ထင်ဟပ်စေတယ်လို့ ဖောင်ဒေးရှင်းရဲ့ သတင်းထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ စင်ကာပူကတဆင့် အရှေ့တောင်အာရှတစ်ဝှမ်းက အစိုးရ၊ ပရဟိတလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့ စီစဉ်နေတယ်လို့လည်း ပြောကြားထားပါတယ်။

Ref: Bill Gates’s non-profit organisation, Gates Foundation, to open office in S’pore

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top