ကိုဗစ်-၁၉ ရောဂါ ကုသပေးနိုင်တယ်ဆိုတဲ့ ဆေးဝါးတစ်မျိုးကို ပိုလန်ကုမ္ပဏီ ထုတ်လုပ်

25-9-2020-yyl-004.jpg

ကိုဗစ်-၁၉ ရောဂါ ကုသပေးနိုင်တယ်ဆိုတဲ့ ဆေးဝါးတစ်မျိုး ထုတ်လုပ်နိုင်ခဲ့ပြီလို့ ပိုလန်အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ Biomed Lublin က ကြေညာခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီး ပြန်လည်သက်သာလာသူတွေ၊ ရောဂါလက္ခဏာမပြသူတွေရဲ့ သွေးရည်ကြည်ကို အသုံးပြုပြီး အဲဒီဆေးဝါးကို ဖော်စပ်ခဲ့တာပါ။ လက်ရှိအချိန်အထိ အမည်မပေးရသေးတဲ့ အဲဒီဆေးထဲမှာ သေစေနိုင်တဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိပြီး SARS-CoV-2 ဗိုင်းရပ်စ်ကို တွန်းလှန်ခုခံနိုင်စွမ်းရှိတဲ့ပဋိပစ္စည်း (အင်မြူနိုဂလိုဗြူလင်) ပါဝင်ပါတယ်။

အစောပိုင်းစမ်းသပ်မှုတွေအရ အဲဒီဆေးဝါးက ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက် ကုသနိုင်စွမ်းရှိတယ်လို့ တွေ့ရှိခဲ့ပြီးနောက်မှာ Biomed Lublin ဆေးဝါးကုမ္ပဏီက ဈေးကွက်အတွင်း ရောင်းချဖို့မဟုတ်ဘဲ စမ်းသပ်ထိုးနှံဖို့အတွက် ဆေးပုလင်း ထောင်ချီ ဖော်စပ်ထုတ်လုပ်ခဲ့ပြီးပါပြီ။ လူဘလင်၊ ဘိုင်တမ်၊ ဘိုင်ယယ်လီစတော့နဲ့ ဝါဆောမြို့တွေမှာရှိတဲ့ စင်တာ ၄ ခုမှာ အဲဒီဆေးဝါးကို စမ်းသပ်ထိုးနှံမှုတွေ လုပ်သွားမှပါ။ စမ်းသပ်ထိုးနှံမှုရလဒ်တွေ ကောင်းခဲ့ရင်တော့ ဒီဆေးဝါးကို လတော်တော်များများအကြာမှာ ဈေးကွက်ထဲ ရရှိနိုင်မှာပါ။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top