နိုင်ငံတကာအထိ အောင်မြင်မှုတွေရရှိနေတဲ့ BLACKPINK အဖွဲ့ဝင် လီဆာဟာဆိုရင် မေလ ၅ ရက်နေ့က ပြုလုပ်တဲ့ Met Gala ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်ကြောင့် လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ဝေဖန်ပြောဆိုမှုတွေရရှိနေပါတယ်။ လီဆာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံမှာ လူမျက်နှာပုံလေးတွေပါရှိနေတာကို မြင်တွေ့ရပါတယ်။ အမှတ်တမဲ့ကြည့်ရင်တော့ မမြင်ရပါဘူး။

အဲ့ဒီပွဲမှာ လီဆာက အနက်ရောင်ဇာကုတ်အင်္ကျီနဲ့အတူ လိုက်ဖက်တဲ့ အောက်ခံဘောင်းဘီပုံစံမျိုးဝတ်ဆင်ခဲ့တာပါ။ ထူးခြားတာက ကုတ်အင်္ကျီနဲ့ ဘောင်းဘီမှာ နာမည်ကြီးလူမည်းပုဂ္ဂိုလ်ရဲ့မျက်နှာတွေ ပုံဖော်ထားပါတယ်။ အထူးသဖြင့် နိုင်ငံသား အခွင့်အရေးလှုပ်ရှားမှုမှာ ကျော်ကြားတဲ့အာဖရိကန်-အမေရိကန် တက်ကြွလှုပ်ရှားသူ အမျိုးသမီး ရိုဆာပတ်ရဲ့မျက်နှာက လီဆာဝတ်ဆင်ထားတဲ့ အတွင်းခံဘောင်းဘီစတိုင်မှာ ပါနေတာကြောင့် ဝေဖန်ပြောဆိုနေကြတာပါ။
“လူမျိုးရေးမမျှတမှုတွေကို တွန်းလှန်ခဲ့တဲ့ ရိုဆာပတ်ခ်ရဲ့ မျက်နှာတွေနဲ့ အတွင်းခံကို ဝတ်ဆင်ရတာကို လီဆာက ဂရုစိုက်တဲ့ပုံမပေါ်ဘူးနော်”၊ “ဒီလိုမျိုးဝတ်စုံဖန်တီးတာက ကောင်းတဲ့စိတ်ကူးလို့ ဘယ်သူကများတွေးခဲ့တာလဲ”လို့ လူမှုကွန်ယက်အသုံးပြုသူတွေက ပြောဆိုထားကြပါတယ်။

Met Gala ပွဲကို BLACKPINK အဖွဲ့ဝင်ထဲမှာဆိုရင် လီဆာတစ်ယောက်တည်းတက်ရောက်ခဲ့တာမဟုတ်ပါဘူး။ အခြားအဖွဲ့ဝင်တွေဖြစ်တဲ့ ဂျင်းနီ၊ ရို့စ်တို့လည်း တက်ရောက်ခဲ့ပါတယ်။
Ref: BLACKPINK’s LISA Faces Backlash For Her CONTROVERSIAL Fashion Choice On The Red Carpet
WL (ရိုးရာလေး)