ဆီးချိုကို တွန်းလှန်တိုက်ဖျက်နိုင်မယ့် ပင်မဆဲလ်ကုထုံး

stem-1.jpg

တရုတ်နိုင်ငံမှ ဆေးသုတေသီတွေဟာ ပင်မဆဲလ်ကုထုံး အသုံးပြုပြီး အမျိုးအစား ၁ ဆီးချိုကို အောင်မြင်စွာ တွန်းလှန်တိုက်ဖျက်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ တိန့်အိန်ကျင်းမြို့မှ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးလူနာရဲ့ အဆီဆဲလ်ကို ပြန်လည်ပြည့်ဖြိုးမြဲ ပင်မဆဲလ်အဖြစ် ပြင်ဆင်ပြောင်းလဲပြီး အင်ဆူလင်ထုတ်ပေးနိုင်တဲ့ islet ဆဲလ်အဖြစ် ပြောင်းလဲလိုက်တာပါ။

အဲဒီလို ပြောင်းလဲလိုက်တဲ့ ဆဲလ်တွေကို ဝမ်းဗိုက်ကြွက်သားတွေထဲ ထိုးသွင်းပေးတဲ့ ကုထုံးဖြစ်ပါတယ်။ အဲဒီလို ထိုးသွင်းပေးပြီးနောက် ၇၅ ရက်အတွင်းမှာပဲ လူနာဟာ အင်ဆူလင် ထိုးပေးစရာ မလိုဘဲ သွေးတွင်းသကြားဓာတ် ပုံမှန်အခြေအနေနဲ့ တစ်နှစ်ကျော် နေနိုင်ခဲ့တာ တွေ့ရပါတယ်။

ဒါဟာ အင်ဆူလင် ထိုးသွင်းမှပဲ သွေးတွင်းသကြားဓာတ် ထိန်းနိုင်တဲ့ အမျိုးအစား ၁ ဆီးချိုကို ကုသရာမှာ တော်လှန်ပြောင်းလဲပစ်နိုင်တဲ့ ကုသနည်းတစ်ရပ် ဖြစ်လာနိုင်တယ်လို့ ယူဆထားကြပါတယ်။ ဒါပေမဲ့ လူနာတစ်ဦးတည်းကိုပဲ စမ်းသပ်ကုသနိုင်သေးတာဖြစ်ပြီး ဘေးကင်းလုံခြုံရေး၊ အာနိသင် ထိရောက်မှု ရှိရေး စတဲ့ အကြောင်းရင်းတွေကို သိရှိနိုင်ဖို့ ဆေးရုံပိုင်းဆိုင်ရာ စမ်းသပ်မှုတွေ လုပ်ဖို့ လိုအပ်နေပါသေးတယ်။

Ref: Can stem-cell therapy successfully treat type 1 diabetes?

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top