အသက် ၃၈ နှစ်အရွယ် ထိုင်ဝမ်မိန်းကလေးအဆိုတော် အိုလီဗီယား ဆောင် ဟာ သူ့ရဲ့ဆံပင်ရှည်ကြီးကို ရိတ်ပစ်ခဲ့ပါတယ်။ သူ အခုလိုရိတ်ပစ်ခဲ့တာက အကြောင်းအရင်းရှိပါတယ်။ သူ့ရဲ့ဖခင်ဖြစ်သူက နာမကျန်းဖြစ်နေတာကြောင့်ပါ။ သူ့ဖခင်ဖြစ်သူကို အားပေးနှစ်သိမ့်ပေးချင်ခဲ့တာကြောင့် သူ့ရဲ့ဆံပင်တွေကို ရိတ်ပစ်ခဲ့တာပါ။
အိုလီဗီယားက ဆံပင်တွေရိတ်ပစ်ခဲ့တဲ့ဗီဒီယိုကို သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ မကြာသေးခင်ကမှ တင်ခဲ့တာပါ။ အဲ့ဒီဗီဒီယိုတင်ပြီးနောက် သူ့အဖေနဲ့ ဓာတ်ပုံတွေကိုလည်းတင်ခဲ့ပြီး ဆံပင်ရိတ်ဖို့ဆုံးဖြတ်ခဲ့တဲ့အကြောင်းအရင်းပါထုတ်ပြောပြခဲ့ပါသေးသည်။ “ဖေဖေနဲ့ အမြဲအတူရှိနေပါတယ်” ဆိုတဲ့စာသားနဲ့ တင်ခဲ့ပြီး ပုံတွေမှာ လျှပ်စစ်ဝှီးချဲပေါ်ထိုင်နေတဲ့ ဖခင်ဖြစ်သူရဲ့ဘေးမှာ ရပ်နေတဲ့ သူ့ကို တွေ့ရပါတယ်။
အိုလီဗီယားရဲ့မန်နေဂျာပြောစကားအရ ဖခင်ဖြစ်သူဟာ နာမကျန်းဖြစ်နေခဲ့တယ်ဆိုတာကို အရင်က အိုလီဗီယားက ထုတ်မပြောပြခဲ့ဘူးလို့ သိရပါတယ်။ “အိုလီဗီယားရဲ့အဖေက သူ ခံယူထားတဲ့ ကုသမှုကြောင့် ထိပ်ပြောင်နေပါတယ်။ သူက ဆံပင်ဆေးဆိုးလေ့ရှိပြီး တကယ်ကို ဖက်ရှင်ကျခဲ့တာပါ။ အခုဆို သူ့ရဲ့ဆံပင်ကိုတောင် မထိန်းသိမ်းနိုင်တော့ဘူး။ အိုလီဗီယားက သူ့အဖေကို အဖော်ပြုပေးဖို့ ဆန္ဒရှိနေတာပါ”လို့ မန်နေဂျာက ဆိုထားပါတယ်။
Ref: Taiwanese Singer Shaves Head In Support Of Sick Dad
WL ( ရိုးရာလေး)

