အရွယ်နဲ့မလိုက်အောင် နုပျိုနေတဲ့ အသက် ၇၀ အရွယ် မင်းသမီးကြီး

22.2.24-yyl-2.jpg

ပုံမှာ မြင်ရတဲ့ မင်းသမီး ခရစ္စတီးဘရင်ကလေက အသက် ၇၀ အရွယ်ရှိပါပြီ။ ဒါပေမဲ့ အရွယ်နဲ့မလိုက်အောင် နုပျိုလန်းဆန်းနေလို့ လူမှုကွန်ရက်ပေါ်မှာ အံ့အားသင့်စေခဲ့သူပါ။ ဘရင်ကလေက အသက် ၇၀ ပြည့်မွေးနေ့မှာ သူ့ဘဝ ဖြတ်သန်းမှုအကြောင်းနဲ့ သူ့စိတ်သဘောထားကို ကဗျာလေးတစ်ပုဒ် ရေးထားပါတယ်။

အဲဒီကဗျာထဲမှာတော့ သူ ဖြတ်သန်းခဲ့ရတဲ့ဘဝကို ပျော်ရွှင်ကြောင်း၊ သူ့ရဲ့ဖြစ်တည်မှုကို လက်ခံတတ်ပြီး ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးတာဟာ နုပျိုရခြင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်တယ်လို့ ရေးသားထားပါတယ်။

၁၉၇၃ ခုနှစ်မှာ ဘရင်ကလေကို အမေရိကန်ဓာတ်ပုံဆရာတစ်ဦးက တွေ့ရှိသွားပြီး မော်ဒယ်အဖြစ် ဓာတ်ပုံရိုက်ခဲ့သလို မော်ဒယ်အေဂျင်စီနဲ့လည်း ချိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘရင်ကလေဟာ မဂ္ဂဇင်းမျက်နှာဖုံးရှင်အဖြစ် ၂၅ နှစ်ကြာ ကျင်လည်ခဲ့ပြီး မဂ္ဂဇင်းမျက်နှာဖုံး ၅၀၀ ကျော်အထိ ပါဝင်ခဲ့ပါတယ်။ သူဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူပါ။

Ref: Christie Brinkley At 70: Timeless Beauty And A Poetic Celebration Of Self-Love

NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top