မြန်မာပရိသတ်တွေရဲ့အားပေးနှစ်ခြိုက်မှုရရှိခဲ့တဲ့ The Trauma Code: Heroes On Call ဇာတ်လမ်းတွဲရဲ့ Season 2 ဟာ အောက်တိုဘာလမှာ ရိုက်ကူးရေးစတင်တော့မှာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဩဂုတ် ၂၄ ရက်နေ့က “ The Trauma Code: Heroes on Call ” ကို အခြေခံထားတဲ့ မူရင်းဝဘ်ဝတ္ထုရဲ့ စာရေးဆရာ Lee Nak Joon က KBS2 ရုပ်သံလိုင်းရဲ့ Malija Show အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ Season 2 နဲ့ Season 3 အကြောင်း မေးမြန်းတော့ ” Season 2 ရဲ့ ကြိုတင်ပြင်ဆင်ထုတ်လုပ်မှုက ပြီးစီးပြီးဖြစ်ပြီး လက်တလောမှာ ရိုက်ကူးမယ့်နေရာတွေရှာဖွေနေပါတယ်။ အောက်တိုဘာလဝန်းကျင်လောက်ဆို ရိုက်ကူးရေးစတင်ဖြစ်မယ်ထင်တယ်”လို့ ပြောကြားခဲ့တာပါ။
ဒါပေမဲ့ အောက်တိုဘာ ၂၅ ရက်နေ့က Netflix ရဲ့ကိုယ်စားလှယ်တစ်ဦးက ” ဘာမှမဆုံးဖြတ်ရသေးပါဘူး။ လက်တလောမှာ Season 2 ရိုက်ကူးဖို့ ဆွေးနွေးနေပေမဲ့ အခုအချိန်မှာ ရိုက်ကူးရေးအချိန်ဇယား၊ သရုပ်ဆောင်ရွေးချယ်မှုနဲ့ပတ်သက်ပြီး အသေးစိတ်ကို အတည်ပြုပေးဖို့ ခက်ခဲပါတယ်”လို့ ပြောသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့တဲ့ “ The Trauma Code: Heroes on Call ” ဇာတ်လမ်းတွဲက ထူးချွန်ထက်မြက်တဲ့ခွဲစိတ်ဆရာဝန်အကြောင်းရိုက်ကူးထားပြီး အင်္ဂလိပ်ဘာသာစကားမဟုတ်တဲ့ဇာတ်လမ်းတွဲစာရင်းမှာ နံပါတ် ၁ နေရာမှာ ရှိနေခဲ့ပါတယ်။
Ref: Netflix Addresses Reports Of October Filming For “The Trauma Code: Heroes On Call” Season 2
WL (ရိုးရာလေး)

