ရက်ပ်အဆိုတော် ကန်းဒရစ်ခ်လာမာဟာ လူမည်းသရုပ်ဆောင်၊ အဆိုတော်၊ အားကစားသမားတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ ဆုပေးပွဲအခမ်းအနား The BET Awards မှာ ဆုကြီးတွေဆွတ်ခူးခဲ့တဲ့ အဆိုတော်ဖြစ်ခဲ့ပါတယ်။
သူဟာ Not Like Us သီချင်းနဲ့ အကောင်းဆုံးဟစ်ဟော့ပ်အဆိုရှင်ဆု၊ တစ်နှစ်တာအကောင်းဆုံးအယ်လ်ဘမ်ဆုနဲ့ တစ်နှစ်တာအကောင်းဆုံးဗီဒီယိုဆုတို့ကို ရရှိခဲ့တာပါ။ လာမာက ဒါရိုက်တာဒေ့ဗ် ဖရီးနဲ့အတူ တစ်နှစ်တာအကောင်းဆုံးဗီဒီယိုဒါရိုက်တာဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။
အခမ်းအနားတင်ဆက်သူအဖြစ် ဟာသပညာရှင် ကယ်ဗင် ဟတ်တ်က BET Awards ရဲ့ ၂၅ နှစ်ပြည့်အထိမ်းအမှတ်ဖြစ်တဲ့ ဒီဆုပေးပွဲအခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါတယ်။
Ref: Kendrick Lamar wins big at 2025 BET Awards
WL ( ရိုးရာလေး)

