အမေရိကန်နိုင်ငံသားတစ်ဦး COVID-19 ရောဂါ ကုသစရိတ် ဒေါ်လာတစ်သန်းကျော် ကုန်ကျခဲ့

15-6-2020-yyl-006.jpg

COVID-19 ရောဂါကို လနဲ့ချီကုသခဲ့ရတဲ့ အမေရိကန်နိုင်ငံက လူနာတစ်ယောက်ဟာ ဆေးကုသစရိတ် အမေရိကန်ဒေါ်လာတစ်သန်း ပေးရမယ်ဆိုတဲ့ ပြေစာကြောင့် နှလုံးရပ်မတတ် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ အသက် ၇၀ အရွယ်ရှိတဲ့ မိုက်ကယ်ဖလောဟာ ဝါရှင်တန်ပြည်နယ်၊ အစ်ဆာကွာမြို့ ဆွီဒင်ကျန်းမာရေးစင်တာမှာ လနဲ့ချီ ဆေးရုံတက်ခဲ့ရပြီး အထူးကြပ်မတ်ကုသခန်းမှာ ၆၂ ရက်ကြာ ကုသမှုခံယူခဲ့ရပါတယ်။ သူဟာ သီတင်းပတ်အတော်ကြာ ကိုမာဝင်ခဲ့ပြီး သေလုနီးပါးဖြစ်ခဲ့သူပါ။ ဒါပေမဲ့ ဆေးကုသစရိတ် အမေရိကန်ဒေါ်လာ ၁.၁ သန်း ကုန်ကျတယ်လို့ တွေ့ရှိရပြီးနောက်မှာ မယုံနိုင်အောင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

၁၈၁ မျက်နှာပါဝင်တဲ့ ပြေစာမှာ အမျိုးအစား ၃၀၀၀ နီးပါးအတွက် ကုန်ကျစရိတ်တွေကို ရေးသားထားပါတယ်။ အထူးကြပ်မတ်ကုသခန်းမှာ တစ်ရက်ကုသစရိတ်က အမေရိကန်ဒေါ်လာ ၉၇၀၀ ကုန်ကျပါတယ်။ ဒါပေမဲ့ မိုက်ကယ်ဖလောဟာ Kaiser Permanente ကုမ္ပဏီမှာ ဆေးကုသမှု အာမခံထားရှိတဲ့အတွက် သူ့ရဲ့ဆေးကုသစရိတ် အများစုကို ကိုယ်တိုင်ပေးဆောင်ဖို့ မလိုအပ်ပါဘူး။ Kaiser Permanente ကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီက ၂၀၂၀ ပြည့်နှစ်တစ်နှစ်လုံး COVID-19 လူနာတွေအတွက် ကုန်ကျစရိတ်အများစု စိုက်ထုတ်ပေးသွားမယ်လို့ ကြေညာထားပါတယ်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top