UK မှာ ကျောင်းတွေပြန်ဖွင့်နေပေမယ့် ကျောင်းမတက်သေးတဲ့သူတွေ အနည်းဆုံး (၁) သန်းရှိနေ

1-6-2020-yyl-002.jpg

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆန်က Lockdown ချထားတာတွေကို ပြေလျော့ပေးခဲ့တဲ့အတွက် ကျောင်းတွေပြန်ဖွင့်လို့နေပါပြီ။ ကျောင်းတွေပြန်ဖွင့်နေပေမယ့် မိဘတွေက စိုးရိမ်ပူပန်တဲ့အတွက် ကလေးတွေကို အိမ်မှာပဲထားရှိနေပါတယ်။ ကျောင်းပြန်လာမတက်သေးတဲ့ မူလတန်းကျောင်းသား၊ကျောင်းသူ အနည်းဆုံး (၁) သန်းရှိနေပါတယ်။ ကျောင်းအုပ်တွေကလည်း အသက်အရွယ်ကြီးတဲ့၊ ကျန်းမာရေးမကောင်းတဲ့ဆရာ၊ဆရာမတွေကို အိမ်ကနေအလုပ်လုပ်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ကလေးတွေကို ကျောင်းပြန်ပို့ဖို့ ဆုံးဖြတ်ချက်မချရသေးတဲ့မိဘတချို့ရှိနေပါတယ်။ ဒါပေမဲ့ ကျောင်းတွေ လုံခြုံစိတ်ချစွာနဲ့ ပြန်ဖွင့်နိုင်တာကိုမြင်ရတော့ ပြန်ဖို့ကြမှာပါ။ ကျွန်တော် အဲဒီလိုမျှော်လင့်ပါတယ်။ ကလေးတွေ ကျောင်းပြန်တက်ဖို့က တကယ်အရေးကြီးပါတယ်” လို့ ဗြိတိန်လွှတ်တော်အမတ် ရောဘတ် ဂျန်ရစ်ခ်က ပြောပါတယ်။ ဒါပေမဲ့ ဗြိတိန်လွှတ်တော်အမတ် အန်နယ်လီဆယ် ဒေါ့တ်ကတော့ “ဒါနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ကျောင်းတွေက ပြန်ဖွင့်ဖို့ အဆင့်သင့်မဖြစ်သေးဘူးဆိုရင် အဆင့်သင့်ဖြစ်မယ်အချိန်ကို ပြောရပါမယ်။ မိဘတွေက သူတို့ရဲ့ကလေးတွေအတွက် လုံခြုံစိတ်ချရတယ်လို့ မခံစားရရင် ကျောင်းကို ပြန်ပို့မှာမဟုတ်ဘူး” လို့ ပြောပါတယ်။

ဝန်ကြီးချုပ်တွေက အခြားစာသင်နှစ်တွေကို အားလပ်ရက်မတိုင်ခင်ဖွင့်စေချင်ကြပါတယ်။ ဒါပေမဲ့ အလယ်တန်းတွေကိုတော့ နွေရာသီထိ ဖွင့်ဦးမှာမဟုတ်ပါဘူး။ ဒါက မိဘတွေရဲ့အလုပ်ကို ကူညီဖြစ်စေသလို စီးပွားရေကိုလည်း ကူညီပေးသလိုဖြစ်တယ်လို့ သူတို့ယုံကြည်ထားကြပါတယ်။ ကလေးငယ်တွေက COVID-19 ဖြစ်နိုင်ခြေနည်းပြီး သူတို့ဆီ ကူးစက်နိုင်ခြေနည်းပုံရတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ မူလတန်းကျောင်းသား၊ ကျောင်းသားတွေရဲ့စာသင်ခန်းတစ်ခန်းကို လူဦးရေကန့်သတ်တာ၊ ခုံတွေကို ခြားထားတာတွေပြုလုပ်မှာဖြစ်ပြီး မိဘတွေကိုလည်း ကျောင်းပေါက်ဝမှာ လူစုလူဝေးလုပ်တာတွေ ရှောင်ဖို့ သတိပေးထားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒုတိယတစ်ကြိမ် ထပ်ပြီး ကပ်ရောဂါဖြစ်ပွားနိုင်လို့ သတိထားဖို့လိုကြောင်း သုတေသီတွေက သတိပေးထားတာတော့ရှိပါတယ်။

အသက် (၄)၊ (၅)၊ (၆)၊ (၁၀)၊ (၁၁) နှစ်ကလေးရှိတဲ့ မိသားစုရဲ့ ၄၆ရာခိုင်နှုန်းက အိမ်မှာပဲနေကြမယ်လို့ ကျောင်းတွေက ယုံကြည်ထားကြောင်း The National Foundation for Educational Research က တွေ့ရှိထားပါတယ်။ ဒီကနေ့ ကျောင်းပြန်တက်တဲ့သူ (၂.၁) သန်းနီးပါးရှိပြီး ကျောင်းမတက်တဲ့သူ အနည်းဆုံး (၁) သန်းရှိပါတယ်။ တချို့မိသားစုတွေက ကလေးတစ်ဦးထက်ပိုပြီးရှိတဲ့အတွက် ဒီထက်လည်းပိုများနိုင်ပါတယ်လို့ the Office for National Statistics အရသိရပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ကျောင်းသား၊သူအများစုကို အိမ်မှာနေဖို့ အကြုံပြုထားပါတယ်။ မူလတန်းဆရာ၊ဆရာမ (၁၉) ရာခိုင်နှုန်းကလည်း အိမ်ကနေ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ တချို့ကျောင်းတွေကို ဖွင့်ပြီး တချို့ကို ဆက်လက်ပိတ်ထားဖို့ အကြုံပြုထားပါသေးတယ်။

မူလတန်းက holiday club ကို သွားခဲ့တဲ့တစ်ယောက်က COVID-19 ပိုးတွေ့ရှိခဲ့ပေမယ့် Woolaston Primary က ကျောင်းအုပ် အန်မာ ဂိုမာဆယ်လ်က ကျောင်း ဆက်လက်ဖွင့်နေမှာဖြစ်ကြောင်းကို “ရောဂါကူးစက်နိုင်ခြေနည်းအောင် လိုအပ်တဲ့ဆောင်ရွက်မှုအားလုံးကို လုပ်ထားပါတယ်” လို့ ပြောပါတယ်။ လက်ရှိအချိန်ထိတော့ UKမှာ ရောဂါပိုးကူးစက်ခံရသူ (၂၇၄,၇၆၂) ဦးနဲ့ သေဆုံးသူ (၃၈,၄၈၉) ဦးရှိနေပါတယ်။

Ref: At least one million primary school pupils to stay home today despite reopening

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top