နေအိမ် မီးလောင်ချိန်မှာ မိသားစုကို ကယ်ထုတ်ပေးခဲ့တဲ့ ၁၂ နှစ်သားလေး

fireboy.jpg

နေအိမ် မီးလောင်ချိန်မှာ မိသားစုကို ကယ်ထုတ်ပေးခဲ့တဲ့ ၁၂ နှစ်အရွယ် ကလေးငယ်ဟာ သူရဲကောင်းအဖြစ် ချီးကျူးခံခဲ့ရပြီး အရွယ်ရောက်လာလို့ အလုပ်လိုအပ်ခဲ့ရင် မီးသတ်ဌာနမှာ အလုပ်ခန့်ပေးမယ်လို့ မီးသတ်ဌာန အကြီးအကဲရဲ့ ဖိတ်ခေါ်ခြင်း ခံထားရပါတယ်။

ဗာဂျီးနီးယားပြည်နယ်၊ ပီတာစဘတ်မြို့မှာ နေထိုင်တဲ့ ၆ တန်းကျောင်းသားလေး ရိုမီပါကာရဲ့နေအိမ်ဟာ ဇွန်လအစောပိုင်းက မီးလောင်ခဲ့တာပါ။ ထူးဆန်းတဲ့ အသံတွေကြောင့် အိပ်ခန်းထဲက ထွက်လာတဲ့ ပါကာဟာ မီးခိုးလုံးကြီး တွေ့လိုက်ရတဲ့နောက်မှာတော့ ဆိုဖာပေါ် အိပ်ပျော်နေကြတဲ့ တစ်နှစ်အရွယ် ညီဖြစ်သူနဲ့ နှစ်နှစ်အရွယ် ညီမဖြစ်သူကို တစ်ဖက်တစ်ချပ်စီ ပွေ့ချီပြီး အိမ်ပြင် ပြေးထွက်လာခဲ့ပါတယ်။

နောက်တော့ အိမ်ထဲမှာ သူ့အဘွား ကျန်နေသေးတာကို တွေးမိသွားတဲ့ ပါကာက အိမ်ထဲ ပြန်ပြေးဝင်သွားပြီး သူ့အဘွားကို ခေါ်ထုတ်လာခဲ့တာပါ။ သူတို့ မြေးအဘွားတစ်စု အိမ်အပြင်ဘက် ရောက်ပြီးနောက် ၄ မိနစ်အကြာမှာတော့ မီးသတ်ကားတွေ ရောက်လာခဲ့ပြီး မီးငြှိမ်းသတ်ပေးခဲ့ကြပါတယ်။

ပါကာဟာ အရွယ်နဲ့မမျှတဲ့ ရဲစွမ်းသတ္တိရှိသူဖြစ်ပြီး ဂုဏ်ထူးဆောင် မီးသတ်သမားတစ်ယောက်အဖြစ် ပီတာစဘတ်မြို့ မီးသတ်ဌာန အကြီးအကဲ ဝိန်းဟူဗာက ဂုဏ်ပြုခဲ့တာပါ။ တကယ်လို့ အသက် ၁၈ နှစ်ပြည့်ချိန်မှာ ပါကာအနေနဲ့ အလုပ်လိုအပ်ခဲ့ရင် သူတို့ မီးသတ်ဌာနမှာ အလုပ်ပေးမယ်လို့ ဝိန်းဟူဗာက ဆိုပါတယ်။

Ref: 12-year-old Hero Boy Saves Family from Blaze–and Secures Future Job by Impressing the Fire Chief

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top