ကမ္ဘာ့ထိပ်တန်း Communications and Integrated Marketing Consultancy ကုမ္ပဏီတစ်ခုဖြစ်သည့် Ruder Finn က အရှေ့တောင်အာရှအခြေစိုက် Strategic Communications Consultancy ကုမ္ပဏီဖြစ်သည့် Era Communications ကို ဝယ်ယူခဲ့ကြောင်း ယနေ့တွင် ကြေညာခဲ့သည်။ သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် ဆုပေါင်းများစွာ ရရှိပိုင်ဆိုင်ထားသော Era Communications သည် လက်ရှိတွင် ဝန်ထမ်းပေါင်း (၉၀) ကျော် ဖြင့် လည်ပတ်လျက်ရှိပြီး အကောင်းမွန်ဆုံးဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိသည်။
ယခုလုပ်ဆောင်မှုကြောင့် Ruder Finn သည် ၎င်း၏ စင်ကာပူ နှင့် မလေးရှားဈေးကွက်အပြင် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာတို့တွင်ပါ ခိုင်မာစွာ ရပ်တည်ခဲ့နိုင်ပြီဖြစ်သည်။ ထို့အပြင် နိုင်ငံတကာထိပ်တန်း Communications Agency တစ်ခုအနေဖြင့် အာရှတစ်လွှားတွင် ဝန်ဆောင်မှုများကို ပိုမိုပေးအပ်လာနိုင်တော့မည်ဖြစ်ပါသည်။
“အခုလိုမျိုး အာရှပစိဖိတ်ဒေသပိုင်းတွေကို ခြေဆန့်လာတာက ကျွန်မတို့ရဲ့ ရှေ့လျှောက် တစ်ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုမဟာဗျူဟာ တစ်စိတ်တစ်ပိုင်းလို့ ပြောလို့ရပါတယ်။ အခုဆိုရင် အာရှပစိဖိတ်နဲ့ အရှေ့တောင်အာရှတစ်လွှားရဲ့ တိုးတက်ပြီး အလားအလာရှိတဲ့ ဈေးကွက်တွေက ကျွန်မရဲ့ client တွေအတွက်တော့ သူတို့ရဲ့အမှတ်တံဆိပ်ချဲ့ထွင်ဖို့ အခွင့်အရေးကောင်းတစ်ခုပါပဲ” ဟု Ruder Finn ၏ CEO ဖြစ်သူ Kathy Bloomgarden က ပြောကြားခဲ့သည်။
“Era Communications နဲ့အခုလိုမျိုး ပူးပေါင်းလိုက်တာကြောင့် ဒေသတွင်းမှာရှိတဲ့ ကျွန်မတို့ရဲ့ ရပ်တည်မှုကို ပိုမိုခိုင်မာစေပြီး ထိရောက်ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေကို ပေးအပ်နိုင်လာမယ့်အပြင် ကျွန်မတို့ client တွေမျှော်လင့်ထားတဲ့ ကောင်းမွန်တဲ့လုပ်ငန်းအရည်အသွေးတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။”
၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့သော Era Communications သည် အာဆီယံ Strategic Communications Consultancy ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည်။ ERA Communications သည် ၎င်း၏ ဆန်းသစ်သော အတွေးအခေါ်များ၊ ဆုပေါင်းများစွာရရှိခဲ့သည့် ကမ်ပိန်းများ၊ တိုးတက်လျက်ရှိသော အာဆီယံဈေးကွက်များ၏ ဆက်သွယ်ချိတ်ဆက်ရေးနယ်ပယ်တွင် ထူးချွန်ပြောင်မြောက်မှုများကြောင့် လူသိများထင်ရှားသည်။ Era Communications တွင် Reputation management၊ Branding၊ Social Impact၊ B2B Communications၊ Digital Experience တို့နှင့်ပတ်သက်၍ နယ်ပယ်အသီးသီးက လုပ်ငန်းရှင်များကို ဝန်ဆောင်မှုပေးနေလျက်ရှိပါသည်။ ၎င်းသည် Southeast Asia PR Campaign of the Year ဆုကို (၃) နှစ်ဆက်တိုက် ဆွတ်ခူးရရှိထားပြီး PRovoke Global SABRE award (၂) ဆုကိုလည်း ရရှိခဲ့သည့်အပြင် ၂၀၂၅ ခုနှစ်အတွက် Campaign PR Awards Asia-Pacific ဆုပေးပွဲတွင် ဆု (၇) ဆုအထိ အရယူနိုင်ခဲ့ရာ ဒေသအတွင်းရှိ အခြားသော PR ကုမ္ပဏီများထက် ဆုပေါင်းများစွာကို ရရှိပိုင်ဆိုင်ခဲ့သည်။
ယခုဝယ်ယူမှုမှစတင်ပြီး Era ၏ ရုံးခွဲများအားလုံးသည် Ruder Finn Era အမှတ်တံဆိပ်အောက်တွင် လုပ်ငန်းလည်ပတ်သွားမည်ဖြစ်သည်။
“ကမ္ဘာ့အကောင်းဆုံးနဲ့ ထိပ်တန်း PR ကုမ္ပဏီအဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်တဲ့ Ruder Finn ရဲ့ တစ်စိတ်တစ်ဒေသဖြစ်လာဖို့ဆိုတာ အထူးတလည်စဉ်းစားစရာ မလိုခဲ့ပါဘူး” ဟု Era Communications ၏ Managing Director ဖြစ်သူ Mr. Anthony Larmon က ပြောကြားခဲ့ပါသည်။
“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လုပ်ငန်းနယ်ပယ်တိုင်းမှာ အကောင်းဆုံးဆိုတာတွေဟာ ဘယ်နေရာကမဆို ထွက်ပေါ်လာနိုင်တယ် ဆိုတဲ့အချက်ကို ပြသနိုင်ဖို့ပဲ ဖြစ်ပါတယ်။ Ruder Finn နဲ့ ပူးပေါင်းလိုက်ခြင်းအားဖြင့် သူတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုကို အသုံးချပြီးတော့ ကျွန်တော်တို့ရဲ့ ဒေသတွင်းမှာရှိတဲ့ မိတ်ဖက်လုပ်ငန်းရှင်တွေအတွက် ထူးခြားဆန်းသစ်တဲ့ ဖန်တီးမှု၊ မဟာဗျူဟာ၊ ဝန်ဆောင်မှုနဲ့ တန်ဖိုးတွေကို ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ အရှိန်အဟုန်နဲ့တိုးတက်နေတဲ့ ဒေသတွင်းဈေးကွက်ကို ကြီးမားတဲ့အပြောင်းအလဲတွေကို ယူဆောင်လာနိုင်မယ့် Ruder Finn ရဲ့ နည်းပညာအခြေပြု ဆက်သွယ်ရေးစွမ်းရည်တွေနဲ့အတူ Ruder Finn TechLab နဲ့ AI Advisory Council ကနေ ဦးဆောင်နေတဲ့ AI နည်းပညာတွေကလည်း ကျွန်တော်တို့ကို အထူးစိတ်လှုပ်ရှားစေခဲ့ပါတယ်။”
PRWeek Global Awards 2024 မှ အာရှ-ပစိဖိတ်ဒေသအတွင်း အကောင်းဆုံး PR အေဂျင်စီ ဟု သတ်မှတ်ခံရသော Ruder Finn သည် “What’s Next” ဆိုသော မူဝါဒတစ်ရပ်ဖြင့် ဆက်သွယ်ရေးနယ်ပယ်ကို ပြန်လည်ဖော်ဆောင်လျက်ရှိပြီး ဤရည်မှန်းချက်သည် နည်းပညာအသစ်များနှင့် ဇာတ်ကြောင်းပြောခြင်း (storytelling) ကို ပေါင်းစပ်ပြီး ထိရောက်သော အကျိုးသက်ရောက်မှုရှိအောင် ဆောင်ရွက်နေခြင်းဖြစ်သည်။ ဤရှေ့ပြေးလုပ်ဆောင်ချက်၏ ကဏ္ဍတစ်ခုအနေဖြင့် Ruder Finn ၏ နည်းပညာအသစ်များကို တီထွင်ဖန်တီးသည့်ဌာနဖြစ်သည့် rf.TechLab မှ AI Advisory Council ကို ပထမဦးဆုံးအဖြစ် စတင်တည်ထောင်ခဲ့ပြီး ၎င်းကို OpenAI ၏ အမှုဆောင်အရာရှိဟောင်း Mr. Zack Kass မှ ဦးဆောင်လျက်ရှိသည်။ ဤထူးခြားဆန်းသစ်သည့်အစီအစဉ်ဖြင့် Ruder Finn ကို AI စွမ်းအားဖြင့် ဆောင်ရွက်သော ကုမ္ပဏီတစ်ခုအဖြစ် ဆက်သွယ်ရေးနယ်ပယ်တွင် ဦးဆုံးရပ်တည်စေပြီး လုပ်ငန်းရှင်များအတွက်လည်း မြန်မြန်ဆန်ဆန် တိုးတက်ပြောင်းလဲလာသော AI အပြောင်းအလဲများကို နားလည်စေရန်နှင့် ပြန်လည်အသုံးချနိုင်ရန် ကူညီပေးလျက်ရှိသည်။
Ruder Finn Asia ၏ Global Chief Growth Officer နှင့် Managing Director ဖြစ်သူ Elan Shou က ထပ်လောင်းပြောကြားသည်မှာ “အကောင်းဆုံးမဟာဗျူဟာဆိုတာတွေဟာ စစ်မှန်တဲ့ ဇာတ်ကြောင်းပြောခြင်း (storytelling) တွေအပြင် ဈေးကွက်အတွင်းနက်ရှိုင်းစွာ နားလည်မှုတွေနဲ့အတူ နည်းပညာမြင့် AI စနစ်တွေ၊ ဒေသတွင်းဆိုင်ရာ သတင်းအချက်အလက်တွေနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ ရှုမြင်သုံးသပ်ချက်တွေကိုပေါင်းစပ်ပြီး သဘာဝကျကျ ဖန်တီးထားတဲ့အရာလို့ ယုံကြည်ပါတယ်။ ဒီလို ပူးပေါင်းမှုကနေတစ်ဆင့် ERA ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေကို အားထားပြီးတော့ အရှေ့တောင်အာရှမှာရှိတဲ့ တကယ့်အရေးပါတဲ့ ဈေးကွက်တွေမှာလည်း ကျွန်မတို့ရဲ့ တည်ရှိမှုကို တိုးချဲ့ပေးနိုင်မှာဖြစ်သလို၊ ဒေသတွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေအတွက် ပိုပြီးထိရောက်တဲ့ လုပ်ငန်းတွေကို ကမ်းပိန်းတွေကနေတစ်ဆင့် ပံ့ပိုးပေးသွားနိုင်မှာဖြစ်ပါတယ်။”
NZ ( ရိုးရာလေး)

