ရာသီအလိုက် မျက်လုံးအရောင် ပြောင်းလဲလေ့ရှိတဲ့ နို့တိုက်သတ္တဝါတစ်မျိုးတည်းပဲ ရှိပါတယ်။ ရိန်းဒီးယား (သို့မဟုတ်) ကဲရီဘူး သမင်လို့ ခေါ်ကြတဲ့ သမင်ကြီးမျိုးပါပဲ။
ကဲရီဘူးသမင်တွေကို ဥရောပမြောက်ပိုင်း၊ ဆိုက်ဘေးရီးယား၊ မြောက်အမေရိကတိုက်ရှိ အာတိတ်ဒေသတွေမှာ တွေ့ရလေ့ရှိပါတယ်။ နွေရာသီမှာ သူတို့ရဲ့မျက်လုံးထဲမှာ အလင်းပြန်အလွှာဟာ ရွှေအိုရောင်အလင်းပြန်တာကြောင့် စူးရှ တောက်ပတဲ့အရာတွေကို ကောင်းကောင်းမြင်နိုင်စွမ်းနိုင်ပါတယ်။
ဆောင်းရာသီမှာတော့ အပြာရောင် အလင်းပြန်တာကြောင့် အမှောင်ထဲမှာ အမြင်အာရုံ အဆ ၁၀၀၀ ပိုအားကောင်းစေတဲ့ အစွမ်းမျိုး ရှိပါတယ်။ ဒါဟာ သဘာဝက ပေးအပ်ထားတဲ့ အစွမ်းသတ္တိဖြစ်ပြီး အခုလို မျက်လုံး အရောင် ပြောင်းလဲမှုကြောင့် ဆောင်းရာသီမှာလည်း ကဲရီဘူးသမင်တွေက ကောင်းစွာ အစာရှာဖွေနိုင်စွမ်း ရှိကြပါတယ်။
Ref: Reindeer eyes change colour to help them find food in the winter
NZ ( ရိုးရာလေး)

