ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဖခင်ဖြစ်သူကို ဘွဲ့ဝတ်စုံဝတ်ဆင်စေခြင်းဖြင့် ဂုဏ်ပြုခဲ့တဲ့ အမျိုးသား

father.jpg

တရုတ်နိုင်ငံက အမျိုးသားတစ်ဦးဟာ သူ့ရဲ့တက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ပညာကောင်းစွာမသင်ယူခဲ့ရတဲ့ လယ်သမားဖခင်ဖြစ်သူကို ဘွဲ့ဝတ်စုံဝတ်ဆင်စေခြင်းဖြင့် ဂုဏ်ပြုခဲ့ပါတယ်။ အဲ့ဒီဂုဏ်ပြုမှုက လူမှုကွန်ယက်အသုံးပြုသူသန်းပေါင်းများစွာရဲ့ရင်ထဲ ထိစေခဲ့ပါတယ်။ သူကတော့ အသက် ၂၅ နှစ်အရွယ် ရန်ကွာကျုံဆိုသူပါ။

ကွာကျုံဟာ ဇွန်လက ကွေ့ယန်မြို့ရှိ Guizhou Minzy University ကနေ ဘွဲ့ရခဲ့တာပါ။ အသက် ၇၀ အရွယ် သူ့ဖခင်က လယ်အလုပ်နဲ့ စရိတ်စကတွေကြောင့် အရင်က ခရီးထွက်ခဲ့ပါတယ်။ ဘွဲ့နှင်းသဘင်အခမ်းအနားဆီ သူ့အဖေကို ခေါ်ယူဖို့အတွက် ဘွဲ့လက်မှတ်မှာ ဖခင်ရဲ့လက်မှတ်လိုအပ်တယ်လို့ ပြောခဲ့တာပါ။ ဇွန်လ ၁၇ ရက်နေ့က ကွာကျုံက ကားတစ်စီးငှားပြီး ရွာက နေအိမ်ကို သွားကာ သူ့အဖေကို ခေါ်ဆောင်ခဲ့ပါတယ်။ သူ့အဖေ ကားမူးမှာဆိုးတာကြောင့် ကားကိုဖြည်းဖြည်းပဲ မောင်းခဲ့ပါတယ်။

နောက်တစ်နေ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ကွာကျုံ ဆင်ပေးခဲ့တဲ့ ဘွဲ့ဝတ်စုံဝတ်ထားတဲ့မိဘဆိုလို့ သူ့အဖေတစ်ယောက်ပဲရှိခဲ့ပါတယ်။ အစက ကွာကျုံဟာ အတန်းဖော်တွေနဲ့ရှိနေခဲ့ပေမဲ့ သူ့ဆရာရဲ့ခွင့်ပြုချက်ယူပြီး သူ့အဖေရဲ့ဘေးမှာ ထိုင်ပေးခဲ့ပါတယ်။ ကွာကျုံက ဘွဲ့လက်မှတ်ကို လက်ခံရရှိပြီးနောက် သူ့အဖေကို ပေးကာ အခုလိုပြောခဲ့ပါတယ်။ “အဖေ…ဒီလက်မှတ်က အဖေ ပိုင်တယ်”တဲ့။ သူ့အဖေက တအံ့တဩဖြစ်ခဲ့ရပါတယ်။

ကွာကျုံက သူ့အဖေကို ဘွဲ့နှင်းသဘင်အခမ်းအနားကို ခေါ်ယူခဲ့တဲ့အပြင် သူ့အဖေကို ဟိုတယ်မှာ တည်စေခဲ့ကာ ကွေ့ယန်မြို့ အနှံ့လိုက်ပို့ခဲ့ပါသေးတယ်။ သူ့အဖေက ဟိုတယ်မှာ တည်းဖူးတာ ဒါ ပထမဆုံးပါပဲ။ ကွာကျုံက သူ့အဖေရဲ့ခရီးစရိတ်တွေအတွက် လွန်ခဲ့တဲ့လအနည်းငယ်က အားလပ်ချိန်တွေမှာ အစားအသောက်ပို့တဲ့အလုပ်ကို လုပ်ခဲ့ပြီး ဒေါ်လာ ၇၀၀ ဝင်ခဲ့ပါတယ်။ ဘွဲ့နှင်းသဘင်ပြီးတဲ့နောက်မှာ သူ့အဖေကို ဘေဂျင်း ခေါ်သွားချင်ခဲ့ပေမဲ့ ငွေကြေးမလုံလောက်တာကြောင့် အစီအစဉ်ကို ဖျက်ခဲ့ရပါတယ်။ သူ့အဖေ သူနဲ့အတူရှိနေတဲ့အတောအတွင်းမှာ သူ့အမေက လယ်အလုပ်တွေကို တာဝန်ယူကြည့်ရှုပေးခဲ့တာပါ။

စက်တင်ဘာလကျရင် ကွာကျုံက ရှီအန်းပြည်နောက်အရှေ့တောင်ပိုင်းမှာ အလုပ်သွားလုပ်မှာဖြစ်ပါတယ်။

Ref: China graduate honours dad at ceremony by dressing him in academic gown, touches hearts

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top