နျူကလိယျ ဗုံးကြဲလေယာဉ် B-52 ဖြင့် အမေရိကန်တို့ မြောက်ကိုရီးယား အနီးတွင် ပျံသန်း

b-52-bomber-2.jpg

ဇန်နဝါရီ ၁၀ ရက်နေ့က အမေရိကန်လေတပ်ဟာ နျူကလိယျ ဗုံးကြဲလေယာဉ် ဘိုးအင်း B-52 Stratofortress ဖြင့် မြောက်ကိုရီးယားနဲ့ ၄၅ မိုင်အကွာလေးတင်မှာပဲ ပျံသန်းလို့ စစ်အင်အားပြခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ ၈၄ သန်း တန်ဖိုးရှိတဲ့ B-52 ဟာ ကမ္ဘာ့ နည်းပညာ အဆင့်မြင့်ဆုံး အနုမြူ ဗုံးကြဲလေယာဉ် တစ်ခုအဖြစ် စံချိန်တင်ထားပြီး အမေရိကန်မှာ ၇၆စီး ရှိပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးက မြောက်ကိုရီးယားဟာ ဟိုက်ဒရိုဂျင်ဗုံးကို စမ်းသပ်ဖောက်ခွဲပြမှုကြောင့် အမေရိကန်ဟာလည်း အချိန်မရွေး နျူကလိယျဗုံး ကြဲလို့ တိုင်းပြည်ကို ဖျက်စီးနိုင်ကြောင်း ခြိမ်းခြောက်ခဲ့ခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ယင်း လေယာဉ်ကို တိုက်လေယာဉ်များ ဝန်းရံပြီးတော့ မြောက်ကိုရီးယားနဲ့ နီးတဲ့ ပင်နီစူလ ပင်လယရပ်ဝန်းကနေ ပျံသန်းခဲ့ခြင်း ဖြစ်ပါတယ်။

တစ်နာရီ မိုင် ၆၅၀ နှုန်းဖြင့် ပျံသန်းနိုင်တဲ့ ဘိုင်းအင်း B-52 ဟာ မိုင်ပေါင်း ၉ထောင်နီးပါးကို မနားတမ်း ပျံသန်းနိုင်ပါတယ်။ လေတပ်သား ငါးဦးပါဝင်နိုင်ပြီး သူ့ကို ၁၉၅၅ ခုနှစ်တုန်းက စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အဆင့်မြင့် နည်းပညာများကြောင့် အသုံးပြုရ ရှုပ်ထွေးပြီး ပစ်မှတ်ကို တိကျစွာ ပစ်နိုင်တဲ့ ဗုံးကြဲ လေယာဉ်အမျိုးအစား ဖြစ်ကြောင်း ဆိုပါတယ်။

ယင်း လေယာဉ်ကို ၂၀၁၃ ခုနှစ်က မြောက်ကိုရီးယားတို့ တတိယအကြိမ် နျူကလိယဗုံး စမ်းသပ်ဖောက်ခွဲစဉ် နောက်ဆုံးအကြမ် ပျံသန်း စစ်ရေးပြခဲ့ပြီး ယခုဟာ ဒုတိယ အကြိမ်ပဲ ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top