ကွန်တိန်နာတစ်လုံးစာပဲ အရွယ်အစားရှိတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုကို ဂျပန်နိုင်ငံမှာ စတင်အသုံးပြုနေ

japan.jpg

ဂျပန်နိုင်ငံမှာတော့ ကွန်တိန်နာတစ်လုံးစာပဲ အရွယ်အစားရှိတဲ့ မျိုးဆက်သစ် နျူကလီးယားဓာတ်ပေါင်းဖိုကို တရားဝင် စတင်အသုံးပြုပြီး ဝေးလံခေါင်သီတဲ့မြို့တွေကို ဓာတ်အား ဖြန့်ဖြူးပေးလျက် ရှိပါတယ်။

Yoroi Reactor လို့ အမည်ပေးထားတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုဟာ ဆားပျော်ရည်နဲ့ သန့်စင်မှု မမြင့်မားတဲ့ ယူရေနီယမ်ကို အသုံးပြုပြီး သန့်ရှင်းစွမ်းအင် ၁ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်စွမ်း ရှိပါတယ်။

Yoroi Reactor ဓာတ်ပေါင်းဖို တည်ဆောက်ရာမှာ လုံခြုံရေးစနစ်ကို အဆင့်မြှင့်တင်ထားပြီး ဖိအားနည်းအောင်၊ ပြိုလဲမှု မဖြစ်အောင် စီမံထားသလို ဓာတ်အားပြတ်တောက်သွားတာနဲ့ အလိုအလျောက် ရပ်တန့်သွားမှာပါ။ ဓာတ်ပေါင်းဖို တစ်လုံးချင်းစီကို စနစ်တကျ ချိတ်ပိတ်ကာ မြေအောက်ထဲ မြှုပ်ထားပြီး စွမ်းအင် ပြန်ဖြည့်စရာ (သို့မဟုတ်) စောင့်ကြည့်မယ့်ဝန်ထမ်း မလိုအပ်ဘဲ ၁၀ နှစ်အထိ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

ဟော့ကိုင်းဒိုးကျွန်းမှာ ဓာတ်ပေါင်းဖို ၂ လုံး စတင်လည်ပတ်နေပြီဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာတော့ နောက်ထပ် ဓာတ်ပေါင်းဖို အလုံး ၅၀ လည်ပတ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။

Ref: Japan has officially launched a compact nuclear reactor the size of a shipping container

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top