အမေရိကန်နိုင်ငံသား ၄ ယောက်မှာ ၁ ယောက်က အလုပ်လက်မဲ့ဖြစ်နေ

15-5-2020-yyl-003.jpg

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်စီးပွားရေး ထိခိုက်ခဲ့လို့ ပြီးခဲ့တဲ့တစ်ပတ်က အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားတဲ့ အမေရိကန်နိုင်ငံသား ၃ သန်းနီးပါးရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့မတ်လလယ်နောက်ပိုင်း အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားသူ ၃၆ သန်းကျော်ရှိလာခဲ့ပါပြီ။ အဲဒီပမာဏဟာ အမေရိကန်အလုပ်သမားအင်အားစုရဲ့ ၄ ပုံ၊ တစ်ပုံနီးပါးရှိပါတယ်။ မတ်လကုန်နောက်ပိုင်း တစ်ပတ်တာအတွက် အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားသူ အရေအတွက် ကျဆင်းလာပေမဲ့ အရင်စံချိန်ဟောင်း( တစ်ပတ်တာ အလုပ်လက်မဲ့ခံစားခွင့် လျှောက်ထားသူ ၇၀၀၀၀၀)နဲ့ နှိုင်းယှဉ်ရင်တော့ အဆမတန် များနေဆဲပါပဲ။

အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဦးမော့လာနိုင်စွမ်းဟာ ကနဦးထင်မှတ်ထားတာထက် ပိုပြီးနှေးကွေးဖွယ်ရှိတယ်လို့ အခုတစ်ပတ်အတွင်း အမေရိကန်ဗဟိုဘဏ် အကြီးအကဲက သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ဧပြီလထဲမှာ အလုပ်ရှင်တွေက အလုပ်သမား သန်း ၂၀ ကျော်ကို လျှော့ချခဲ့လို့ အလုပ်လက်မဲ့နှုန်း ၁၄.၇ ရာခိုင်နှုန်းဖြစ်ခဲ့ပြီး ဆယ်စုနှစ်တစ်စုနီးပါး ဖန်တီးခဲ့ရတဲ့ အလုပ်အကိုင်အားလုံး ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ပြည်နယ်တော်တော်များများမှာ ကန့်သတ်မှုတွေ ဖြေလျှော့ပေးလိုက်လို့ အလုပ်အကိုင်တွေ ပြန်လည်ခေါ်ယူဖွယ်ရှိနေတယ်လို့ စီးပွားရေးပညာရှင်တွေက ယုံကြည်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top