တရုတ်လူမျိုး ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဟာ သူ့မွေးနေ့မှာ ဂါဝန်လှလှလေး ဝတ်ဖိုအတွက် အသီးအရွက်အနည်းငယ်နဲ့ ဝမ်းနုတ်ဆေးတွေကို ၂ ပတ်လောက် စားသောက်ပြီး diet လုပ်ခဲ့ပြီးနောက် သေလုနီးပါးဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူနန်ပြည်နယ်က အသက် ၁၆ နှစ်အရွယ် မိန်း ဆိုတဲ့ ကောင်မလေးက အလွန်အမင်း diet လုပ်ခြင်းရဲ့ ရလဒ်ကြောင့် စိုးရိမ်ရတဲ့အခြေအနေရောက်ခဲ့ပြီး ၁၂ နာရီကြာအောင် အရေးပေါ်ဆေးကုသမှုခံယူခဲ့ရပါတယ်။
ရုတ်တရက် သူ့ရဲ့ခြေလက်တွေမှာ အားအင်တွေမရှိတော့ဘဲ အသက်ရှူကြပ်လာတာကြောင့် ဆေးရုံတင်လိုက်ရပါတယ်။ ဆေးစစ်မှုအရ သူ့ရဲ့သွေးအတွင်း ပိုတက်စီယမ်ပမာဏက ပုံမှန်အောက် ကျဆင်းသွားတာပါ။ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ diet ကြောင့် မကြာခဏ ဖြစ်စေတဲ့ hypokalemia ရောဂါလို ခေါ်တဲ့ အခြေအနေဖြစ်သွားခဲ့တာပါ။ ညီညွှတ်မျှတမှုမရှိတဲ့ diet နဲ့ ရေဓာတ်ကုန်ခန်းခြင်းက ခန္ဓာကိုယ်အတွင်းက ပိုတက်စီယမ်ပမာဏကို လျော့ကျစေနိုင်တယ်လို သိရပါတယ်။
Hypokalemia ရောဂါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာနဲ့ ရုတ်တရက်နှလုံးရပ်တာတွေဖြစ်နိုင်တယ်လို မိန်းရဲ့ဆရာဝန် ပိုင်မင်းက ဆိုထားပါတယ်။ ပိုတက်စီယမ်ဓာတ်လုံလုံလောက်လောက်ရဖို အာလူး၊ ကြက်သားနဲ့ ငှက်ပျောသီး စားသင့်တာအပြင် နေ့စဉ် ရေကို လုံလုံလောက်လောက်သောက်သင့်တယ်လိုလည်း ဆိုထားပါတယ်။
မိန်းရဲ့ကျန်းမာရေးက ပုံမှန်ပြန်ဖြစ်ခဲ့ပြီး မကြာသေးခင်ကမှ ဆေးရုံက ဆင်းသွားခဲ့ပါတယ်။ ကိုယ်အလေးချိန်ကျဖို့အတွက် ပြင်းထန်တဲ့ နည်းလမ်းတွေ ဘယ်တော့မှအသုံးမပြုတော့ဘူးလို မိန်းက ကတိပေးထားပါတယ်။ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ diet ကြောင့် အသက်အန္တာရယ်ဖြစ်စေခဲ့တာက တရုတ်နိုင်ငံမှာ မိန်းတစ်ယောက်တည်းမဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်က အသက် ၂၆ နှစ်အရွယ်ကောင်လေးတစ်ယောက်လည်း ဆေးရုံတက်ခဲ့ရပါသေးတယ်။
Ref: China girl nearly dies after eating greens, laxatives for 2 weeks to fit in birthday dress
WL (ရိုးရာလေး)

