တောင်အာဖရိကဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး ခရစ်တော်၌ အိပ်ပျော်

27.12.2021yyl6.jpg

” မတရားမှုမှာ ကြားနေတာဟာ ဖိနှိပ်သူဘက်ကို ရွေးချယ်လိုက်တာပါပဲ ” ဆိုတဲ့ ကမ္ဘာကျော်အဆိုအမိန့်ရှင် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး(အသက် ၉၀)ဟာ ခရစ်တော်မှာ အိပ်ပျော်သွားခဲ့ပါတယ်။

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒက်စ်မွန်တူးတူးဟာ တောင်အာဖရိကသမ္မတ ( ဟောင်း) နယ်လ်ဆင်မန်ဒဲလားနဲ့ ခေတ်ပြိုင်ပုဂ္ဂိုလ်ဖြစ်ပြီး ၁၉၄၈ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်ကြားကာလအတွင်း တောင်အာဖရိကရဲ့ လူနည်းစုဖြစ်တဲ့ လူဖြူအစိုးရက လူမည်းတွေအပေါ် ခွဲခြားဖိနှိပ်တဲ့ မူဝါဒတွေ ချမှတ်မှု အဆုံးသတ်စေဖို့ အဓိကလှုပ်ရှားခဲ့သူတစ်ယောက်ပါ။ လူမျိုးရေးခွဲခြားမှုစနစ် အဆုံးသတ်သွားအောင် အားထုတ်ကြိုးပမ်းမှုတွေအတွက် ၁၉၈၄ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဗယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။

ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး ကွယ်လွန်သွားတာဟာ တောင်အာဖရိကနိုင်ငံအနေနဲ့ ထူးချွန်ပြောင်မြောက်တဲ့ မျိုးဆက်ကို နှုတ်ဆက်ရတဲ့ နောက်ထပ်ဆုံးရှုံးမှုတစ်ရပ် ဖြစ်တယ်လို့ တောင်အာဖရိကသမ္မတ ရာမာဖိုဆာက ပြောပါတယ်။

Ref: BBC “South Africa’s Archbishop Desmond Tutu dies at 90”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top