လမ်းပြန်လျှောက်နိုင်မှာ မဟုတ်ဘူးလို့ ဆရာဝန်တွေ ထင်ကြေးပေးပြီး ၂ နှစ်အကြာမှာ ဧဝရတ်တောင်ထိပ်ကို တက်နိုင်ခဲ့သူ

walk.jpg

Sierra Nevada Desert Gorge - Bear Grylls in RUNNING WILD WITH BEAR GRYLLS: THE CHALLENGE. (Credit: National Geographic/Ben Simms)

လေထီးမပွင့်လို့ အမြင့်ပေ ၁၆၀၀၀ ကနေ ပြုတ်ကျခဲ့ပြီး အရိုးတွေ ကျိုးခဲ့သူ ဘဲလ်ဂရေးကို ဆရာဝန်တွေက လမ်းပြန်လျှောက်နိုင်တော့မှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

ဗြိတိန် လေတပ်သား ဘဲလ်ဂရေးဟာ ၁၉၉၆ ခုနှစ်က ကင်ညာနိုင်ငံ ကောင်းကင်ပေါ်မှာ လေထီးခုန်ဆင်းခဲ့ပြီး လေထီးမပွင့်ခဲ့တာကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ အရိုးအဆစ်တွေ ကျိုးကြေခဲ့တာပါ။ ဘယ်တော့မှ လမ်းလျှောက်နိုင်တော့မှာ မဟုတ်ဘူးလို့ ဆရာဝန်တွေက မှတ်ချက်ပေးခဲ့ပေမဲ့ စိတ်ဓာတ် မာကျောလွန်းတဲ့ ဘဲလ်ဂရေးကတော့ ပြန်လည်သန်စွမ်းရေးကို ဇွဲမလျှော့ဘဲ လုပ်ဆောင်ခဲ့ပြီး နောက် ၂ နှစ်အကြာမှာတော့ ဧဝရတ်တောင်ထိပ်ကိုတောင် တက်ရောက်နိုင်ခဲ့ပါတယ်။

လေ့လာမှုတွေအရ ယုံကြည်ချက် အားကောင်း ခိုင်မာသူတွေဟာ ခန္ဓာကိုယ် ပြန်လည်သန်စွမ်းဖို့ ထူထောင်ရေးမှာ သိသိသာသာ တိုးတက်စေတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။

ဧဝရတ်တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် ဘဲလ်ဂရေးဟာ စွန့်စားမှုအမျိုးမျိုး လုပ်ခဲ့ပြီး ဗြိတိန်နိုင်ငံ ကင်းထောက်အဖွဲ့ရဲ့ အသက်အငယ်ဆုံး ကင်းထောက်ချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသူပါ။

Ref: Bear Grylls

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top