ကမ္ဘာ့တစ်ဝှမ်းမှာ ရေပန်းစားတဲ့ Labubu အရုပ်တွေဟာဆိုရင် အနာဂတ်မှာ ရုပ်ရှင်ဇာတ်ကားအဖြစ် မြင်တွေ့လာနိုင်တော့မှာဖြစ်တယ်လို့ Hollywood Reporter သတင်းဌာနက ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့အပတ်မှာ Sony Pictures စတူဒီယိုက ဒီLabubu မွန်းစတားအရုပ်တွေကို အခြေခံပြီး ရုပ်ရှင်ကားရိုက်ကူးဖို့ သဘောတူညီချက်ရရှိထားတယ်လို့ ဆိုထားပါတယ်။ ဒီရုပ်ရှင်ကားက အခုမှ ရိုက်ကူးဖို့ စီစဉ်နေတဲ့အဆင့်မှာရှိနေသေးပါတယ်။ Live Action အဖြစ် ရိုက်ကူးမလား။ Animation အဖြစ် ရိုက်ကူးမလားဆိုတာ မဆုံးဖြတ်ရသေးပါဘူး။
တရုတ်နိုင်ငံရဲ့ Pop Mart က ရောင်းချတဲ့ Labubu အရုပ်တွေက အခုနှစ်မှာ တော်တော်လေး နာမည်ကြီးလာခဲ့တာပါ။ ကမ္ဘာကျော်အနုပညာရှင်တွေလည်း ကြိုက်နှစ်သက်ခဲ့ကြတာပါ။ Labubu Blind Box ဖောက်ချင်လို့ တန်းစီစောင့်ဆိုင်းဝယ်ယူခဲ့ကြသူတွေလည်း အများအပြားရှိခဲ့ကြပါတယ်။
Ref: Labubu movie in the works for the big screen, report says
WL ( ရိုးရာလေး)

