ဖခင်ကို ဂုဏ်ပြုဖို့ ဂတ်စ်အိုးထမ်းပြီး ဘွဲ့လာယူခဲ့တဲ့ ကျောင်းသား

twin3.jpg

ဘရာဇီးနိုင်ငံရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားတစ်ခုမှာ ဘွဲ့ယူမယ့်ကျောင်းသားတစ်ယောက် ဂတ်စ်အိုးကြီး ထမ်းတက်လာတဲ့ မြင်ကွင်းက လူအများကို အံ့အားသင့်စေခဲ့ပါတယ်။ ဂတ်စ်အိုးတွေ လိုက်ပို့တဲ့အလုပ်လုပ်ရင်း ၂၆ နှစ်လုံးလုံး ကျွေးမွေးစောင့်ရှောက်လာတဲ့ဖခင်ကို ဂုဏ်ပြုဖို့ ရည်ရွယ်တာလို့ ဒီကျောင်းသားက ဆိုပါတယ်။

လော်ရန်ဇိုလို့ အမည်ရတဲ့ ဒီကျောင်းသားဟာ ကုန်ထုတ်အင်ဂျင်နီယာဘွဲ့  ယူခဲ့တာဖြစ်ပြီး သူ့အဖေရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့ ကျေးဇူးတရားကို ဖော်ကျူးဖို့အတွက် ဂတ်စ်အိုးကြီး ထမ်းလာပြီး ဘွဲ့လာယူခဲ့တာပါ။ ” ကျွန်တော် ဘွဲ့ယူနိုင်ဖို့ အဖေ့ပခုံးပေါ်မှာ ထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုး” လို့ ‌ခေါင်းစဉ်တပ်ထားတဲ့ ဗီဒီယိုဟာ အွန်လိုင်းပေါ်မှာ ကြည့်ရှုမှုအကြိမ်ရေ ၁.၅ သန်းကျော် ရှိခဲ့ပါတယ်။

Ref: The engineering student walked across the stage to accept his diploma while carrying a gas cylinder on his shoulder

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top