သေဆုံးခဲ့ပြီးဖြစ်တဲ့ မိခင်ဖြစ်သူလို အယောင်ဆောင်ပြီးတော့ မိခင်ရဲ့ပင်စင်လစာကို ထုတ်ယူနေခဲ့တဲ့ သားဖြစ်သူ

mother.jpg

အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အသက် ၈၅ နှစ်အရွယ် မိခင်ဖြစ်သူ ဂရာဇီလာ ဒါလ် အိုဂလီယို သေဆုံးသွားခဲ့ပြီးတဲ့နောက်မှာ မိခင်ရဲ့ပင်စာလစာတွေကို လစဉ်ထုတ်ယူနေခဲ့တာ ၃ နှစ်ရှိနေပါပြီ။ သူ လှည့်စားပြီးထုတ်ယူနေတာက ၁နှစ်ကို ပေါင် ၅၀၀၀၀ နီးပါးရရှိခဲ့ပါတယ်။

မိခင်ဖြစ်သူသေဆုံးသွားတာကို သတင်းမပို့ဘဲ သူ့ရဲ့ရုပ်အလောင်းကို အီတလီနိုင်ငံ၊ Lombardy ဒေသမှာရှိတဲ့ Borgo Virgilio ရပ်ကွက်ရှိ နေအိမ်ရဲ့မြေအောက်ခန်းမှာ မပုပ်ပိုးအောင်သိမ်းဆည်းထားခဲ့ပါတယ်။ ဒါပေမဲ့ မိခင်ရဲ့အိုင်ဒီကဒ် သက်တမ်းကုန်ဆုံးသွားခဲ့တဲ့အခါမှာ သူ့အမေရဲ့အဝတ်အစားတွေဝတ်ဆင်ပြီးတော့ သက်တမ်းသွားတိုးခဲ့ရပါတော့တယ်။

သူဟာ အစိုးရဝန်ထမ်းတွေကို လှည့်စားဖို့ သူ့အမေလို အဝတ်အစားတွေဝတ်၊ ဆံပင်အတုတပ်ကာ မြို့နယ်မှတ်ပုံတင်ရုံးကို သွားခဲ့ပါတယ်။ တာဝန်ရှိသူတွေက သူ့ကို သံသယဝင်လာခဲ့ပြီး စုံစမ်းစစ်ဆေးဖို့ စတင်ခဲ့ပါတယ်။ မှတ်ပုံတင်ရုံးကို နောက်တစ်ခေါက်ပြန်ခေါ်ခဲ့ပါတယ်။

အဲ့ဒီအမျိုးသမီးကြီးက ယာဉ်မောင်းလိုင်စင်လုပ်မထားဘဲ ရုံးကို ကားနဲ့လာတာကို CCTV မှာ တွေ့ခဲ့ရတယ်။ သူ့ကို အနီးကပ်ကြည့်တော့ လည်ပင်းက နည်းနည်းကြီးတယ်။ အရေးအကြောင်းတွေကလည်း ထူးဆန်တယ်။ လက်က အရေပြားကလည်း အသက် ၈၅ နှစ်အရွယ်အမျိုးသမီးရဲ့လက်နဲ့လည်း မတူဘူး။ အသံကလည်း မိန်းမအသံလို သိပ်မပေါက်ဘူးဆိုတာကို တာဝန်ရှိသူတွေက သတိထားမိခဲ့ပါတယ်။ နောက်တော့ ခြေရာခံလို့မရတဲ့ အမျိုးသမီးရဲ့အထောက်အထားကို အသုံးပြုပြီး နှစ်တော်တော် လိမ်လည်နေခဲ့တယ်ဆိုတာကို ဖော်ထုတ်မိခဲ့ပါတယ်။

မိခင်လို ဟန်ဆောင်ထားတဲ့ အဲ့ဒီအမျိုးသားက သားဖြစ်သူဖြစ်တယ်ဆိုတာကို ဝန်ခံခဲ့ပြီး နေအိမ်ကို ရှာဖွေစစ်ဆေးဖို့ ခွင့်ပြုခဲ့ပါတယ်။ မြေအောက်ခန်းရဲ့အခန်းတစ်ခုထဲမှာ မပုပ်သိုးအောင်ထားထားတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။ မိခင်ဖြစ်သူဟာ ၂၀၂၂ ခုနှစ်ကတည်းက လူကြီးရောဂါနဲ့သေဆုံးခဲ့တာဖြစ်တယ်လို့ ကနဦးစစ်ဆေးတွေ့ရှိခဲ့ရပြီး ရုပ်အလောင်းကို စစ်ဆေးဖို့အတွက် ရင်ခွဲရုံကို သယ်ဆောင်သွားခဲ့ပါတယ်။

သားဖြစ်သူအမျိုးသားကတော့ နောက်ထပ်စစ်ဆေးခံရမှာဖြစ်ပြီး အလောင်းကို ဖုံးကွယ်မှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခံရနိုင်ပါတယ်။

Ref: Son puts on dead mother’s lipstick and jewellery to collect pension with her body mummified at home

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top