လပေါင်းများစွာ စကားမပြောနိုင်တဲ့ အမျိုးသားက ပထမဆုံး ခံစားချက်ထုတ်ပြနိုင်ချိန်မှာ ဘီယာ သောက်ချင်တယ်လို့ ဖော်ပြခဲ့

beer.jpg

ခန္ဓာကိုယ်တစ်ခုလုံး အကြောသေပြီး လပေါင်းများစွာကြာ စကားမပြောနိုင်ခဲ့တဲ့ အမျိုးသားတစ်ဦးဟာ ဦးနှောက်တွင်း ချစ်ပ်ပြားထည့်သွင်းပြီးနောက် ပထမဆုံး စကားပြောနိုင်ချိန်မှာ ”ဘီယာ” သောက်ချင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် ဂျာမန်အမျိုးသားဟာ ဦးနှောက်နဲ့ ကျောရိုးမထဲမှ အာရုံကြောဆဲလ်တွေ ထိခိုက်စေတဲ့ (ALS) ရောဂါကြောင့် တစ်ကိုယ်လုံး အကြောသေသွားခဲ့တာပါ။ သူ့ရဲ့ လိုအပ်ချက်၊ ခံစားချက်တွေကို ထုတ်ပြောနိုင်ဖို့ ဦးနှောက်အတွင်း ချစ်ပ်ပြားထည့်သွင်းပြီး ဦးနှောက်ရဲ့အချက်ပြမှုကို စကားလုံးတွေအဖြစ် ပုံဖော်ပေးနိုင်မယ့် နည်းပညာကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဦးနှောက်အချက်ပြမှုကို စကားလုံးတွေအဖြစ် ပြောင်းလဲပေးနိုင်ဖို့ စမ်းသပ်မှုဟာ ၃ လကျော် အချိန်ကြာမြင့်ခဲ့ပြီးမှ အောင်မြင်မှု ရရှိခဲ့တာပါ။ စကားလုံးတွေကို စကားစုအဖြစ် ပြောင်းလဲနိုင်ဖို့လည်း အချိန်ယူခဲ့ရပါတယ်။ ဒီအမျိုးသားရဲ့တောင်းဆိုမှုတွေထဲမှာ အာလူးဟင်း၊ ပဲဟင်း စားချင်တယ်လို့ ပါဝင်ပြီး သူ့သားကိုလည်း အရမ်းချစ်တဲ့အကြောင်း ပြောချင်တယ်လို့ ပါဝင်ပါတယ်။ ဒီဖြစ်ရပ်ကတော့ ၂၀၂၅ ခုနှစ် မတ်လအတွင်း ဖြစ်ပွားခဲ့တာပါ။

Ref: Paralysed man communicates first words in months using brain implant: ‘I want a beer’

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top