“Made in Korea” ဇာတ်လမ်းတွဲအသစ်အတွက် ခန္ဓာကိုယ်ပြောင်းလဲမှုလုပ်ခဲ့တဲ့ ဟွန်ဘင်း

korean.jpg

မကြာခင် ထွက်ရှိလာတော့မယ့် Made in Korea ဇာတ်လမ်းတွဲရဲ့ သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၁၅ ရက်နေ့က Samseong-dong ရပ်ကွက်ရှိ Grand InterContinental Seoul Parnasမှာ ပြုလုပ်ခဲ့ပါတယ်။ မင်းသား ဟွန်ဘင်း၊ ဂျောင် ဝူးဆွန်း၊ ဝူးဒိုဟွမ်အပါအဝင် သရုပ်ဆောင်တွေနဲ့ ဒါရိုက်တွေ တက်ရောက်ကာ ဇာတ်လမ်းတွဲကို မိတ်ဆက်ပေးခဲ့ပါတယ်။

Made in Korea ဇာတ်လမ်းတွဲဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ဇာတ်အိမ်တည်ထားပြီး နိုင်ငံတော်ကို အမြတ်အစွန်းအဖြစ် အသုံးပြုကာ အာဏာနဲ့ ချမ်းသာကြွယ်ဝမှုရဲ့အထွတ်အထိပ်ကို ရောက်အောင် ကြိုးစားတဲ့ ဘတ်ကီတေးနဲ့ သူ့ကို လိုက်လံဖမ်းဆီးတဲ့ ရှေ့နေ ဂျန်းဂွန်ယောင်းတို့အကြောင်း ရိုက်ကူးထားတာပါ။

ကိုရီးယားဗဟိုထောက်လှမ်းရေးအေဂျင်စီရဲ့ ဒါရိုက်တာ ဘတ်ကီတေးဇာတ်ရုပ်ကို ဟွန်ဘင်းက သရုပ်ဆောင်ထားပါတယ်။ Disney Streaming Platform ကတဆင့် ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေနဲ့ တွေ့ဆုံရဖို့ အခွင့်အလမ်းရရှိမှာကို သူ အလွန်စိတ်လှုပ်ရှားမိတယ်လို့ ဟွန်ဘင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီဇာတ်ရုပ်နဲ့ လိုက်ဖက်ဖို့အတွက် ခန္ဓာကိုယ်တစ်ခုလုံးပြောင်းလဲဖို့ ဒါရိုက်တာက ဟွန်ဘင်းကို တောင်းဆိုခဲ့ပါတယ်။ ဟွန်ဘင်းက ခန္ဓာကိုယ်ပြောင်းလဲမှုလုပ်ခဲ့ပြီး ၁၃-၁၄ ကီလိုဂရမ်လောက် ဝိတ်တက်သွားခဲ့ပါတယ်။ Work out လုပ်ပြီးတော့ ကြွက်သားကျစ်လျစ်အောင် လုပ်ခဲ့ရပေမဲ့ တခြားဇာတ်ရုပ်တွေနဲ့ယှဉ်ရင် အစားအသောက်ကို သိပ်မတင်းကျပ်ခဲ့ရဘူး။ သူ သရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်ကောင်တွေအားလုံးထဲမှာ ဒီဇာတ်ကောင်က သူ ရုပ်ပိုင်းဆိုင်ရာအားဖြင့် အထွားဆုံးဖြစ်တယ်။ အခုတောင် အဲ့ဒီဆိုဒ်လောက်နီးနီးဖြစ်နေတယ်လို့လည်း ထုတ်ပြောခဲ့ပါတယ်။

Made in Korea ဇာတ်လမ်းတွဲကို Disney+ ကနေ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ စတင်ပြသသွားမှာဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ ပထမဆုံး ၂ ပိုင်း၊ ဒီဇင်ဘာ ၃၁ မှာ နောက်ထပ် ၂ ပိုင်း၊ ဇန်နဝါရီ ၇ ရက်နဲ့ ဇန်နဝါရီ ၁၄ ရက်တွေမှာ တစ်ပိုင်းစီ စုစုပေါင်း ၆ ပိုင်းပြသသွားမှာဖြစ်ပါတယ်။

Ref: Hyun Bin Gained 14kg for Intimidating Role in “Made in Korea”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top